- ငပလီမြို့မှာ ဓားထောက်ကာ လုယက်မှုတစ်ခုဖြစ်ပွား

- ရခိုင်ကိစ္စမှာ နိုင်ငံတကာဖိအားကို လုပ်နေချိန်မှာ အမျိုးသားလုံခြုံရေးကို ထိခိုက်သွားမည်ကို စိုးရိမ်နေကြ

- ဆတ်ရိုးကျတံတားတည်ဆောက်ရေးအတွက် ခွင့်ပြုငွေကျပ်သန်းပေါင်း ၆၈၀၀ ကျော်ရှိခဲ့ပြီဖြစ်ပေမယ့် တံတားပြီးစီးမယ့်ကာလနဲ့ ကုန်ကျမယ့်ငွေပမာဏကိုမသိရဘူးလို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်ပြော ဆိုတဲ့သတင်းတွေဖြစ်ပါတယ်။

 

- မြောက်ဦးခရိုင်မှာ ဆရာ၊ ဆရာမတွေ ရာထူးတိုးအတွက် ငွေကျပ် ၅ သိန်းပေးရတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

- ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို တရားစွဲမှုဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြော

- ကမ်းပါးပြိုမှုကိုကာကွယ်ဖို့ပြုလုပ်ထားတဲ့ ရေလှိုင်းတာဘောင်တွေပြိုကျမှုရှိလာတဲ့အတွက် ဒေသခံကျေးရွာ သားတွေ စိုးရိမ်မှုရှိ

- မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီကျေးရွာတွေတချို့ စာသင်ကျောင်းတွေမှာ လုံခြုံရေးကို ရပ်ရွာကတာဝန်ယူထားပေမယ့် ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူဖို့ လိုအပ်နေပါသေးတဲ့ သတင်းတွေ ဖြစ်ပါတယ်။

 

- စစ်တွေခရိုင်က တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်တဲ့ ကျောင်းသားကျောင်းသူ ၃၇၈ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်ခဲ့

- မိုးရေထဲ မှာ ၂ ရက်တာ စာသင်ခဲ့ရတဲ့ သံတွဲမြို့အ.ထ.က(၂) က အဋ္ဌမတန်းကျောင်းသူ ကျောင်းသားတွေကို အခန်းနေရာပြောင်းရွေ့သင်ကြားနေရ

- ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲလွှတ်တော်အမတ်ကို သိန်း ၁၀၀ နဲ့ အာမခံပေး

- ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ဒေသခံလူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မြေငှားရမ်လျှောက်ထားမှုကို ကန့်ကွက်ဖို့ သဘောတူညီခဲ့ကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

 

- ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဆေးရုံတွေမှာ ဆရာဝန်လိုအပ်ချက်တွေရှိနေဆဲ

- အခု ဘဏ္ဍနှစ်အတွင်း ရခိုင်ပြည်နယ်မှာ နိုင်ငံပိုင်သစ်ခွဲစက်တွေက အခွန် ၈ ရာခိုင်နှုန်း ကောက်ခံရရှိမှု မြင့်တက်

- ရခိုင်ပြည်အတွက်ဘတ်ဂျက်ငွေတွေပြန်မအပ်ရအောင် အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စီကိုင်စွဲထားတဲ့မာနတွေ လျော့ချဖို့လိုတယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြော

- ရခိုင်ပြည်နယ်ရဲ့လယ်ယာစိုက်ပျိုးရေးမှာ ကျွဲနွားတွေနည်းပါးလာပြီး လုပ်သားရှားလာတဲ့အတွက် ထွန်စက်ဝယ်ယူအသုံးပြုမှု များလာနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 6.6.2018)

DTV News ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ရခိုင်ပြည်နယ်မှာ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၉၅ ဦးအထိရှိပြီး သံတွဲခရိုင်မှာ အများဆုံးဖြစ်ပွားနေ

- ရခိုင်ပြည်နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက်ဘဲ ဘတ်ဂျက်ငွေတွေများစွာတောင်းခံ နေတာဟာ မသင့်တော်ဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကိုထောက်ပြ

- မြောက်ဦးမြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်းတွေရဲ့ ကရုဏာကြေးကို အခုနှစ်မှာတိုးမြှင့်ကောက်ခံပြီး တစ်လမှာ ၃ ဦးနှုန်းနဲ့ ပင်စင်ယူပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးအပ်နေ

- တက္ကသိုလ်ဝင်တန်း အခမဲ့သင်ကြားနေတဲ့ စေတနာညကျောင်းကနေ သုံးနှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၆၂ ဦးထိ အောင်မြင်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်

 

- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမှိုက်ကောက်တဲ့ ပညာပေးကမ်ပိန်းတစ်ခု စစ်တွေမြို့မှာ ပြုလုပ်ခဲ့

- မြောက်ဦး မြတန်ဆောင်းဘုန်တော်ကြီးပညာရေးကျောင်း ပိတ်သိမ်းခံလိုက်ရတာကြောင့် ကျောင်းသား ၂၀၀ ခန့် ပညာဆက်လက်သင်ကြားဖို့ အခက်ကြုံနေရ

- ရခိုင်ပြည်နယ်ရဲ့ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးထက် ဌာန၊ အဖွဲ့အစည်းတွေရဲ့အသုံးစရိတ်က ပိုများနေ

- ပြင်ဖြူမော်ကျေးရွာလမ်း ပျက်စီးနေတာကြောင့် ကျောင်းသား ၈၀၀ နီးပါး ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေကြတဲ့ သတင်းတွေဖြစ်ပါတယ်။

 

- ဆရာ၊ ဆရာမတွေ မလုံလောက်တာကြောင့် ရခိုင်ပြည်နယ်က ကျောင်းပါင်း ၂၀ ကျော် တက္ကသိုလ်ဝင်တန်း စာမေးပွဲမအောင်မြင်တာ ဖြစ်

- သံတွဲမြို့က ယဉ်လိုင်းကားသမားတွေနဲ့ သုံးဘီးသမားတွေကြားက ပြဿနာတွေကို သက်ဆိုင်ရာက ထိရောက်စွာဖြေရှင်းပေးစေချင်

- ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပညာရေးဌာနက ၆၆ (ဃ) နဲ့ အမှုဖွင့် ထား

- မာန်အောင်မြို့နယ်က မုန်တိုင်းကြောင့် သေဆုံးသွားသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အစိုးရကနေ ထောက်ပံ့ငွေပေးအပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။