သာလီစွပါ (Daily News 14.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- စစ်တွေမြို့မှာ လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုများလာ

- အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း မောင်တောကုန်သွယ်ရေးမှာ ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေ လျော့ကျသွား

- ရခိုင်အမျိုးသားပါတီအတွင်းက နှုတ်ထွက်စာတင်ထားသူတွေရဲ့ ကိစ္စအပါအဝင် ပါတီနှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ပထမအပတ်မှာ ပြုလုပ်မယ်

- ရန်ကုန်အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်အမျိုးသမီးတွေ အဆင်မပြေတဲ့အတွက် နေရပ်ပြန်ချင်နေကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 13.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ရခိုင်ပြည်နယ်မှာ ဆန်၊ စပါးတွေ ဈေးကောင်းမရရှိတဲ့အတွက် တောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲရှိနေ

- ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးဖမ်းဆီးရတဲ့အထဲ ရခိုင်အခြေစိုက်သတင်းထောက် တစ်ဦးပါဝင်နေ

- ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို စစ်တွေမြို့မှာ ကျင်းပလျက်ရှိ

- မောင်တောမြို့နယ်အတွင်းသို့ အခြေချနေထိုင်ဖို့ ရောက်ရှိလာတဲ့ တိုင်းရင်းသားတွေအတွက် ကျေးရွာသစ်တစ်ရွာ တည်ဆောက်မှုကို ဒီကနေ့စတင်လိုက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 12.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- တိုင်းရင်းသားမျိုးနွယ်စုတွေမှာ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေအပြင် အသက်အိုးအိမ်စည်းစိမ်လုံခြုံဖို့ ဥပဒေတစ်ခုပြဌာန်းပေးဖို့လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဆို

- ဘတ်ဂျက်မရှိလို့ ရပ်တည်ဖို့ ခက်ခဲနေတဲ့ တိုင်းရင်းသားမီဒီယာတွေကို အစိုးရနဲ့ နိုင်ငံတကာ မီဒီယာထောက်ပံ့အဖွဲ့တွေက ကူညီပေးသင့်တယ်လို့ ရခိုင်မီဒီယာတွေပြော

- စစ်တွေမြို့မှာ ကျပ်သိန်း ၁၅၀ မှ ၂၂၀ အထိ တန်ဖိုးရှိတဲ့ အိမ်ခန်း ၇၂ ခန်းကို အရစ်ကျစနစ်နဲ့ ရောင်းချသွားမယ်

- ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီမှာ ဘုရားဖူးခရီးသည်တွေအတွက် ဓာတ်လှေကားတည်ဆောက်မှု ၆၀ % အထိ ပြီးစီးနေပြီဖြစ်တဲ့သတင်းတို့ဖြစ်ပါတယ်။

သာလီစွပါ (Daily News 11.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ဘူးသီးတောင်သို့ သွားမယ့် မူးယစ်ဆေးဝါးတွေကို တောင်ကုတ်မြို့ပေါ်မှာ ဖမ်းဆီးရမိ

- တိုင်းရင်းသားမျိုးနွယ်စုတွေအကြား ယုံကြည်မှုတွေရှိလာစေဖို့နဲ့ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း လုပ်ဆောင်နိုင်စေဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်

- ပုဏ္ဏားကျွန်းမြို့မှာ ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် အဆိုပြိုင်ပွဲ ကျင်းပမယ်

- မောင်တောဒေသအတွင်းက ရိတ်သိမ်းပြီးစပါးတွေဟာ လတ်တလော ရာသီဥတုအခြေအနေအရ ထိမ်းသိန်းရတဲ့အပိုင်းမှာ အခက်အခဲတွေရှိနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 10.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်လုံးဟာ CSO တွေရဲ့အသံကို အလေးထားမှုအားနည်းတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆို

- ဒွာရာဝတီဒေသဖွား စာပေ၊ ဂီတ၊ အနုပညာနယ်ပယ်တွေမှာ ထင်ရှားကျော်ကြားသူတွေရဲ့ ကဗ္မည်းမော်ကွန်းကျောက်စာတိုင်တွေကို သံတွဲမြို့ပေါ်မှာ စိုက်ထူ

- မောင်တောမြို့နယ်အတွင်းမှာ အခြေချနေထိုင်ရန်အတွက် မြို့နယ်အချို့က မိသားစုဝင်တွေသွားရောက် နေကြပြီဖြစ်

- မောင်တောမြို့ပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့ ဟိန္ဒူဘာသာဝင်တွေ စားရေးသောက်ရေးအခက်အခဲဖြစ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 9.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ကျောင်း ၃၅ ကျောင်းအတွက် ကျပ်သန်း ၂၇၀၀ ပြန်အပ်မယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးကဌာနက ပြန်လည်ရှင်းလင်း

- မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရာမှာ ပါဝင်သွားတဲ့ အိမ်ခြံမြေအတွက် လျှော်ကြေးငွေကိစ္စ ကျန်ရှိတဲ့ သုံးဦး ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ပြေလည်မှူရရှိ

- ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းတွေကို ပိုမိုအားဖြည့်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ မြို့၊ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ တာဝန်ရှိသူက ပြော

- ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေးအတွက် ကလေးတွေကို ကျောင်းမှန်မှန်တက်နိုင်အောင် ဖန်တီးပေးဖို့လိုအပ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 8.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- စစ်တွေမြို့ပေါ်မှာ စက်သုံးဆီအရောင်းဆိုင်တဆိုင် မီးလောင်မှုဖြစ်ပွား

- ဒေသခံပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေကို ပြည်ထောင်စုအစိုးရဆီ တင်ပြသွားမယ်လို့ သံတွဲမြို့သို့ ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်က ပြောဆို

- ရခိုင်ပြည်နယ်အတွင်း ကျောင်းအခြေပြုထိုးနှံခဲ့တဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ကလေးငယ် ၈၃ ရာခိုင်နှုန်းအထိ ထိုးနှံနိုင်ခဲ့တယ်လို့ ဒုပြည်နယ်ကျန်းမာရေးမှူး ပြော

- ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့ ပြောဆို