သာလီစွပါ (Daily News 7.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ဆဋ္ဌမအကြိမ်မြောက် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ရခိုင်မီဒီယာအများစုကို ဖိတ်ကြားခြင်းမရှိ

- စာရေးသူ၊ စာဟောသူနဲ့ စာပေချစ်မြတ်နိုးသူတွေပါတဲ့ Book Club ကို စစ်တွေခရိုင်မှာ ဖွဲ့စည်း

- ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရဲ့ Public Area အတွင်းက ဈေးဆိုင်ခန်းတွေကိုဖျက်သိမ်းဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပေမယ့် လိုက်နာမှုမရှိဘူး

- ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့စည်းတွေရဲ့အသံကို တစ်စုတည်းတင်ပြနိုင်ဖို့အတွက် ပြည်နယ်အဆင့် CSO တွေပါဝင်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို စစ်တွေမြို့မှာ ပြုလုပ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 6.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကို ရာထူးကနေရပ်စဲနိုင်ရေးအတွက် တိုင်ကြားထားတာကြောင့် ပြည်နယ်လွှတ်တော်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမယ်

- မာန်အောင်မြို့ လေယာဉ်ကွင်းတိုးချဲ့ရာမှာ ပါဝင်သွားတဲ့ ခြံမြေတွေအတွက် လျော်ကြေးငွေပေးရာမှာ နည်းနေတဲ့အတွက် ဒေသခံတွေ လက်ခံဖို့ အခက်အခဲဖြစ်နေ

- ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေကို မျက်ကွယ်ပြုလို့ မရဘူးလို့ UEHRD ရဲ့ ညှိနှိုင်းမှူးရေးချုပ်က ပြော

- ငပလီကမ်းခြေမှာ ဟိုတယ်အဆောက်အဦးတွေ တရားမဝင်တိုးချဲ့နေတာတွေကြောင့် ပြည်သူတွေမှာ ဘက်ပေါင်းစုံက ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောတဲ့သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 5.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ရခိုင်ပြည်နယ်အတွင်းက လူမှူရေးအသင်းအဖွဲ့တွေဖြစ်တဲ့ CSO တွေနဲ့ UEHRD အဖွဲ့တို့ တွေ့ဆုံ

- ထောက်ကြန့်မြို့ ဘီယာဆိုင်အတွင်း ဆရာတော်တစ်ပါးအား ရိုက်နှက်ခဲ့သူတွေကို ဥပဒေအရ အရေးယူရေးဆောင်ရွက်နေ

- အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ဒီကနေ့ ပြုလုပ်

- အကြမ်းဖက်ရှောင် ဟိန္ဒူဘာသာဝင်တွေ မောင်တောသို့ နောက်ဆုံးအသုတ်အဖြစ် ပြန်လည်သွားရောက်နေကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 4.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ပါတီဥက္ကဌ ဒေါက်တာအေးမောင် နုတ်ထွက်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီအတွင်း ဗဟိုအလုပ်အမှူဆောင် ကော်မတီအစည်းအဝေးကို လာမယ့် ဇန်နဝါရီလပထမအပတ်မှာ ခေါ်ယူမယ်

- မာန်အောင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ၁၀ ခုပါဝင်တဲ့ မာစတာပလန်ကို ပြည်နယ်အစိုးရက ရေးဆွဲ

- ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးကောက်တင်မြှောက်မယ့်နေရာမှာ အသစ်ပြင်ဆင် ထုတ်ပြန်ထားတဲ့ ရပ်/ကျေးဥပဒေကို မြို့ပေါ်နဲ့ ကျေးလက်နေပြည်သူတွေ ထဲထဲဝင်ဝင်သိရှိနိုင်အောင် အသိပညာပေးဖို့လိုအပ်နေ

- ငပလီမြို့ မြရတနာတောင်ထိပ်ပေါ်မှာ ရခိုင့်ရှေ့ဟောင်းသမိုင်းဝင် ထုက္ကန့်သိမ်ပုထိုးတော်ကြီး ပုံစံအတိုင်း ပုထိုးတော်တစ်ဆူ တည်ထားပူဇော်သွားမယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 3.12.2017)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ကျောက်ဖြူမြို့ပေါ်က တရားမဝင်ရောင်းချနေတဲ့ ဒီဇယ်နှင့် ဓာတ်ဆီဆိုင်တွေကို သက်ဆိုင်ရာက စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေ

- စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က စက်မှုမြေအဖြစ်သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေအတွက် တစ်ဧကကို ကျပ်သိန်း ၃၀ နဲ့ သတ်မှတ်လျှော်ကြေးပေးအပ် သွားမယ်လို့ ဝန်ကြီးဦးကျော်လွင်က ပြော

- ဘင်္ဂါလီတွေကို လူမျိုးတုန်းရှင်းလင်းမှုတွေရှိတယ်ဆိုပြီး မြန်မာနိုင်ငံအပေါ်မှာ စွပ်စွဲအရေးယူဖို့ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သာလီစွပါ (Daily News 2.12.2017)

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

ဒီကနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်တွေမြို့ပေါ်ကို လာရောက်ခိုလှုံနေကြတဲ့ ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကို မောင်တောသို့ ပြန်လည်ပို့ဆောင်မယ်

- ရခိုင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ခေါ်ယူခဲ့ခြင်းဟာ အထူးသဖြင့် ဘတ်ဂျက်နဲ့ပတ်သက်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌပြော

- ငပလီမြို့ အ.မ.က(မူလွန်) မြပြင်စာသင်ကျောင်းမှာ အက်ကွဲပြိုကျမယ့်အခြေအနေရှိနေ

- အထပ်မြင့်ဈေးကြီးတွေ ဆောက်လုပ်မယ့်စီမံကိန်းမှာ ပြည်နယ်လွှတ်တော်ရဲ့ သဘောထားမှတ်ချက် လိုအပ်နေတယ်ဆိုတဲ့ သတင်းတို့ဖြစ်ပါတယ်။

သာလီစွပါ (Daily News 1.12.2017)

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

ဒီကနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ဂွ- ငါးသိုင်းချောင်းလမ်းမကြီးနှင့် မလွတ်ကင်းတဲ့ ကမ်းသာယာကမ်းခြေရှိ စားသောက်ဆိုင်တွေကို နိုဝင်ဘာလကုန်အတွင်း ဖျက်သိမ်းဖယ်ရှားပေးရန် အကြောင်းကြားထား ၊

- လွှတ်တော်ကမေးမြန်းထားတဲ့ မေးခွန်းတွေကိုဖြေဆိုဖို့ကျန်ရှိနေသေးတဲ့အတွက် အစိုးရအဖွဲ့ဟာ လွှတ်တော်ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌပြော

- မောင်တောမြို့ ဘင်္ဂါလီတစ်ဦးနေအိမ်အတွင်းမှ ပစ္စတိုတစ်လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

- သယံဇာတအကျိုးခံစားခွင့်နဲ့ ခွဲဝေသုံးစွဲခွင့်ရရှိရေးအတွက် ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့သတင်းကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့သတင်းတို့ ဖြစ်ပါတယ်။