မိုးဇလရဲ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ တိုင်းထွက်ချက်အရ သံတွဲမြို့ရဲ့ မိုးရေချိန်မှာ ၁၀.၄၇ လက်မဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းမှူကြောင့် သံတွဲမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း လျက်ရှိရာ မိုးလေ၀သခန့်မှန်းချက်များအရ အခုရှိအချိန်မှစပြီး နောက် ၄၈ နာရီအထိ ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုပိုမိုလာနိုင်ကြောင်း သိရှိရပါတယ်။

ယခုရခိုင်ပြည်နယ် အစိုးရလက်ထက် ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာသားငါးသစ်တောနဲ့ ဆည်မြောင်းကော်မတီထံကို တစ်နှစ်ကျော်ကာလအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှု အမှုတွဲ ၂၂၀၀ ကျော်တိုင်ကြားမှုရှိနေပြီး ၁၇၀ ကျော်ခန့်သာ ကိုင်တွယ်ဖြေရှင်းမှု ပြုလုပ်ဆဲဖြစ်ကြောင်းကော်မတီဥက္ကဌ ဦးအောင်ဝင်းက DMG ကိုပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် သံတွဲခရိုင်မှာ ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှု အောင်ချက်အများဆုံးမြို့မှာ ဂွမြို့ဖြစ်ပြီး သံတွဲမြို့က ဒုတိယ နဲ့ တောင်ကုတ်မြို့က တတိယဖြစ်တယ်လို့ သံတွဲခရိုင်အခြေံပညာဦးစီးဌာန ခရိုင်ပညာရေးမှူးရုံးက သိရပါတယ်။

သာလီစွပါ …

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နယုန်လဆုတ် (၈) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက် စနေနေ့အတွက် ရခိုင်ပြည်နယ်အတွင်းကနောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ကျဆင်းခြင်းဟာ မသမာမှုကင်းဝေးအောင် ဆောင်ရွက်တဲ့စီမံကိန်းကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှုး ဦးအောင်ကျော်ထွန်းက DMG ကိုပြောဆိုလိုက်ပါတယ်။

သာလီစွပါ

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇွန်လ ရက် သောကြာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မောင်တောမြို့နယ် ဇီးပင်ချောင်းစခန်းမှ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ချောင်းကုလား မြောက်ရွာနေ အိမ်တစ်လုံးမှ စကားပြောစက် အလုံး(၄၀)နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော် အတိုင်းပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။