မတရားအသင်းပုဒ်မနဲ့ ထိန်းသိမ်းခံနေရတဲ့ မြောက်ဦးမြို့က မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် မောင်တောမြို့မှာ ယနေ့ နေ့လည် ၁ နာရီက မောင်တောလူမှူကွန်ယက်အဖွဲ့ဝင် ဦးစိန်လှဖြူက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 မောင်တောမြို့နယ် ကျောက်ပန်းဒူကမ်းခြေအနီးရှိ ဟိန္ဒူဘာသာဝင်တွေရဲ့ အထင်ကဖြစ်တဲ့ သမိုင်းဝင်သီတာရာဒေ၀ီ ဘုရားရှိခိုးကျောင်းကို စောင့်ရှောက်ပေးနေတဲ့ ဟိန္ဒူအမျိုးသမီးကို ဖုန်းဆက်ပြီး ဘင်္ဂလီတွေက ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

ဘင်္ဂလီအမျိုးသား အဒူလာကိန်းဆိုသူက ဟိန္ဒူလူမျိုးတွေ မောင်တောက ထွက်သွားပေးကြပါ၊

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ဒေသခံ ကမန်တိုင်းရင်းသားတွေကို မူလမြေနေရာ ပြန်လည်ချပေးပြီး နေထိုင်ခွင့်ပြုဖို့ နိုင်ငံတော်အစိုးရနဲ့ လူမှူကယ်ဆည်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနကို ကမန်လူမျိုးတွေက တောင်းဆိုလိုက်ပါတယ်။ 

မနေ့က ဧပြီလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အရင် သမ္မတဦးသိန်းစိန် အစိုးရနဲ့ သဘောတူစာချုပ် စာချုပ်ဆိုခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံက CITIC ကုမ္ဗဏီမှ ဥက္ကဌဦးဆောင်တဲ့ ကိုယ်စားလှယ်ကလက်ရှိအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီလ ၂၁ ရက်နေ့ကလာရောက်ဆွေးနွေးခဲ့တယ်လို့ BBC က ဖော်ပြပါတယ်။

ရသေ့တောင်မြို့နယ်၊ အုတ်ဖို(အိုးဖောက်)ကျေးရွာမှာ ဓါးပြတိုက်လုယက် သတ်ဖြတ်ခံရတာကြောင့် အမျိုးသမီးတစ်ဦးဒါဏ်ရာရရှိပြီး အခု ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံမှာ ကုသခံနေရပါတယ်။

ဒဏ်ရာရသူအမျိုးသမီးမှာ အသက် ၂၈ နှစ်အရွယ် ဒေါ်ဖြူမကြီးဖြစ်ပါတယ်။

ယနေ့ ခိုင်မျိုးထွန်းကို တရားလိုဘက်က စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲချက်တင်လို့ပြီလို့ ခိုင်မျိုးထွန်းရဲ့ တရားလွှတ်တော်ရှေ့နေက  မမေသက်ခိုင်က ပြောဆိုပါတယ်။  

ရခိုင်အမျိုးသားပါတိက အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ အမ်းမြို့နယ်ရှိ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေဖြင့် မောင်တောမြို့နယ်ရှိ ဒေသခံရခိုင်တိုင်းရင်းသားများက မောင်တောမြို့နဲ့ ရခိုင်ကျေးရွာတွေကို ကားဖြင့်လှည့်လည်ကာ အောင်ပွဲခံယူမှုတစ်ရပ်ကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။