ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ ရဲတပ်သားတစ်ဦးရဲ့ သေနတ်ကို ဒေသခံတစ်ဦးက လုယူရာမှာ ရဲတပ်သားက သေနတ်မောင်းခလုတ်ကို ဆွဲမိတာကြောင့် အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပေါက်တောမြို့မရဲစခန်းမှ သိရပါတယ်။

ကျည်ထိုးထားသော နတ်မောင်းခလုတ်ကို ဆွဲမိသူမှာ ရဲတပ်သား ထွန်းလင်းဖြစ်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူမှာ ဦးမောင်ဖြူဒေါင်းဖြစ်ကြောင်း သိရပါတယ်။

ဘင်္ဂလီတွေကို နိုင်ငံသားကဒ်ထုတ်ပေးတာဟာ ဥပဒေနဲ့ မညီဘဲ ထုတ်ပေးတယ်ဆိုပြီး ရခိုင်ပြည်သူလူထုက ဆန္ဒဖော်ထုတ်နေတဲ့အတွက် ပြည်နယ် လ၀ကဌာနက မြန်မာနိုင်ငံသား ဥပဒေအား ရှင်းလင်းပွဲတစ်ခုကို ယနေ့ ဧပြီလ ၂ ရက်နေ့ စစ်တွေ ခိုင်သဇင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ 

ဒီမိုကရေစီအစိုးရတစ်ရပ်မှာ အတိုက်အခံပါတီရဲ့ တောင်းဆိုမှုကို အလေးအနက်ထားပေးရမှာဖြစ်တယ်လို့ အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။

dtv news - အမ်းမြို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ မှတ်ချက်

 လေဆိပ်ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေဟာ မသင့်တော်တာတွေ၊ အမြင်မတော်တာတွေ ဖြစ်နေရင် ဆုံးမပေးကြဖို့နဲ့ ဝေဖန်ပေးကြဖို့ ခရီးသွားပြည်သူသို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ နံနက် စစ်တွေလေဆိပ် အဆောင်သစ် ဖွင့်ပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်းရေလမ်းခရီးမှာအသုံးပြုဖို့အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းတဲ့ ရေယာဉ်သုံးစီးအနက် “ကစ္ဆပနဒီ (၁) " ခရီးသည်တင် အမြန်ရေယာဉ်ကို မြန်မာနိုင်ငံအစိုးရသို့ ယနေ့ မတ်လ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာ အချက်အလက်ရှာဖွေ ရေးအဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံးစေလွှတ်ဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဘင်္ဂလီအကြမ်းဖက်သမားတွေက နယ်ခြားစောင့်