- ရခိုင်ဆားလုပ်ငန်း နည်းပညာအဆင့်မမြှင့်နိုင်တဲ့အတွက် စားသုံးအကြိုက် မလုပ်နိုင်သေး

- မြောက်ဦး- ကျောက်တော်ရထားလမ်းပိုင်းကို ဖျက်သိမ်းပြီး တောင်သူတွေအတွက် မြေညှိပေးနေ

- လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက တိုင်ကြားထားတဲ့ ရခိုင်ဘဏ္ဍာရေးဝန်ကြီးကို အချက် ၆ ချက်နဲ့ စွဲချက်တင်စစ်ဆေးနေ

 - စစ်တွေရေပြတ်လပ်မှု နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်ပေးနေ

- တိုင်းရင်းသားလူမျိုးတွေပါဝင်တဲ့ စုံညီပွဲတစ်ခုကို စစ်တွေမြို့မှာ ပြုလုပ်သွားမယ်

- လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လယ်ယာထွက်ကုန်တွေကို ပုံမှန်တင်ပို့နိုင်မယ့်ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်

 - သံတွဲမှာ စည်ပင်အမှိုက်ပုံကြီးမီးလောင်ရာကထွက်တဲ့ မီးခိုးတွေကြောင့် လူသေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေပြော

- မနှစ်ကမိုးရာသီအတွင်း စပါးစိုက်ပျိုးရေးစရိတ်အတွက် အစိုးဆီကချေးငွေယူပြီးတော့ ပြန်မဆပ်သေးတဲ့ လယ်သမားတွေကို တရားစွဲဆိုသွားမယ်

- ဂူတာပြင်ကျေးရွာမီးလောင်မြေမှာ ဘင်္ဂါလီတွေ နေအိမ်တိုးချဲ့ဆောက်လုပ်လာနေကြ

- ပုဒ်မ ၃ ခုနဲ့အမှုဖွင့်တာဟာ မတရားသဖြင့် ထောင်ထဲမှာ အချုပ်ခံနေရတာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြော

- စစ်တွေမြို့မှာ လော်စပီကာအသံချဲ့စက် အသုံးပြုပြီး ဆန္ဒပြဖော်ထုတ်ခဲ့တာကြောင့် ဦးဆောင်သူအမျိုးသမီးတစ်ဦး ငြိမ်းစုစီ ဥပဒေနဲ့ အမှုဖွင့်ခံထားရ

- ပြင်ဖြူမော်ကျေးရွာမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အသိပေးတဲ့ သတင်းတွေ ဖြစ်ပါတယ်။

 - စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ၉၀ ခန့် အကူအညီ လိုအပ်

- တပ်မတော်အရာရှိနှစ်ဦး သိမ်းယူထားတဲ့ စားကျက်မြေပြဿနာကို ဖြေရှင်းမပေးပါက နောက်ထပ်ဆန္ဒထုတ်ဖေါ်သွားမယ်

- တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို လဝကဥပဒေနဲ့အရေးယူသွားမယ်

 - စစ်တွေတက္ကသိုလ် အဆောက်အဦးဟောင်းမှာ အန္တရာယ်ရှိတဲ့အတွက် စာသင်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားမည်မဟုတ်ဟု ဆို

- ဘင်္ဂါလီတွေကို NV ကတ်ထုတ်ပေးတဲ့အခါမှာ ခိုးဝင်တွေမပါအောင် သေချာစီစစ်ကြဖို့ စစ်တွေမြို့မှာတောင်းဆို ဆန္ဒဖော်ထုတ်

- သိမ္ဗလကမ်းခြေမှာ စနစ်တကျအမှိုက်စွန့်ပစ်မှု မရှိတာကြောင့် ကမ်းခြေပျက်စီးမှာကို စိုးရိမ်

 - ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာတချို့ သောက်ရေရှားပါးနေ

- ငပလီကမ်းခြေကို လာရောက်တဲ့သူတွေ စနစ်တကျအမှိုက်စွန့်ပစ်တတ်အောင် အသိပညာပေးဖို့လိုအပ်တယ်လို့ ဟိုတယ်ဇုန်အသိုင်းအဝိုင်းက ပြော

- ထွက်ပြေးသွားတဲ့ဘင်္ဂါလီတွေ ဝင်လာမှုအပေါ်မူတည်ပြီး မောင်တောဒေသက စာသင်ကျောင်းတွေကို ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြော