သာလီစွပါ (Daily News 10.7.2017)

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် နှစ်ရက်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက် တနင်္လာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းကနောက်ဆုံးရရှိထားတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက

- ကျောက်ဖြူမြို့နယ် မူရင်းကျေးရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပိတ်သိမ်းခံရမှုနဲ့ ပတ်သက်ပြီး ပြန်လည်ကိုးကွယ်ခွင့်ရဖို့ ဆန္ဒဖော်ထုတ်ခဲ့ခြင်းအပေါ် တန်ပြန်ကန့်ကွက်ဆန္ဒဖော်ထုတ်တဲ့သတင်း

- ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း ဝေဖန်မှုတွေထွက်ပေါ်နေတဲ့ ဧက (၁၀၀) ကျော် မြေယာဖော်ထုတ်ရေး စီမံကိန်းမှာ ပြည်နယ်အစိုးရအနေနဲ့ ၃၀% ရရှိမှာဖြစ်ပြီး စီမံခန့်ခွဲရေးကို စည်ပင်သာယာက ကိုင်တွယ်သွားမယ်ဆိုတဲ့သတင်း

- မြောက်ဦးရှေးဟောင်းဇုန်အတွင်းရှိ လက်ဆည်ကန် ရှေးဟောင်းမြို့ရိုးဂိတ်တံခါးကို ရေဝင်ရောက်မှုကြောင့် ကြံ့ခိုင်ရေးအားနည်းတာကို ရှေးမူမပျက်စေဘဲ ပြုပြင်ထိန်းသိမ်းသွားမယ်ဆိုတဲ့သတင်း

- စစ်တွေမြို့မှာ အရက်တုလုပ်ငန်းတွေ ရှိနေတာကြောင့် နမူနာအရက်တွေကို ဓာတ်ခွဲစမ်းသက်နေပြီး စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမည်ဆိုတဲ့သတင်းတို့ ဖြစ်ပါတယ်။

https://youtu.be/SA4YAeAl8Gg

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtubeစာမျက်နှာတို့မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it.နဲ့ This email address is being protected from spambots. You need JavaScript enabled to view it.တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။

 

Author: DMG