သာလီစွပါ (Daily News 20.7.2017)

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁၂) ရက်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်၊ ကြသပတေးနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက

- ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၇ ရွာက လူပေါင်း ၆၆ ဦးဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံထား ရတယ်လို့ မိဘတွေက သံသယရှိနေတဲ့သတင်း

- သဘာဝဘေး အန္တရာယ် ဒါဏ်ကို အများဆုံးခံရလေ့ရှိတဲ့ ရခိုင်ပြည်နယ်အတွက် ဆိုင်ကလုန်း ချက်တာ အလုံး (၃၀) ခန့် ထပ်တိုးတည်ဆောက်ဖို့ လျှာထားတယ်ဆိုတဲ့သတင်း

- လုံခြုံရေးရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် အချင်းချင်း သေနပ်နဲ့ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရှိခဲ့တဲ့သတင်း

- ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမြသန်းကို ပါတီတွင်း စည်းကမ်းချိုးဖောက်တယ်ဆိုပြီး ရခိုင်အမျိုးသားပါတီကနေ ထုတ်ပယ်လိုက်ပြီဆိုတဲ့သတင်း

- ပေါက်တောမြို့ အပါအဝင် ကျေးရွာ ရှစ်ရွာကို လာမယ့် နိုဝင်ဘာလအတွင်းမှာ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ ဖြန့်ဖြူးပေးသွားမယ်ဆိုတဲ့ သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။

DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူ အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။

 

Author: DMG