သာလီစွပါ (Daily News 24.7.2017)

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၁) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်၊ တနင်္လာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက

- ဘူးသီးတောင်မြို့နယ်မှာ စက်လှေနစ်မြုပ်မှုကြောင့် နယ်ခြားစောင့်ရဲမှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးနေတဲ့သတင်း

- ယာယီပြောင်းရွှေ့ထားတဲ့ မေယုဈေး အဆင်မပြေမှုတွေရှိနေတဲ့သတင်း

- ရခိုင်ပြည်နယ်အတွင်း ပညာမသင်ကြားနိုင်တဲ့ ကျောင်းနေအရွယ်ကလေးတွေ စာသင်နိုင်ရေးအတွက် ဇူလိုင်လ မကုန်မီ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေကို ဆက်သွယ်နိုင်တဲ့သတင်း

- ကျောက်ဖြူမြိုနယ် ပညာရည်မြှင့်တင်နိုင်ရေးအတွက် မြို့မိမြို့ဖတွေက ပညာရေးဌာနနှင့် တွေ့ဆုံသွားမယ် ဆိုတဲ့သတင်း တို့ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။

DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူ အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါတယ် ... ရှင့်

 

Author: DMG