သာလီစွပါ (Daily News 25.7.2017)
DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၂) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်၊ အင်္ဂါနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- မိုးတွင်းငါးဖမ်းရာသီဖြစ်ပေမယ့် ငါးဖမ်းပိုက်တွေ ရောင်းအားကျဆင်းနေတဲ့သတင်း
- H1N1 ရောဂါနဲ့ ရာသီပေါ်တုပ်ကွေးအပါအ၀င် ကူးစက်တတ်တဲ့ ရောဂါအခြေအနေတွေကို ပြည်နယ် ကျန်မာရေးဦးစီးဌာန အနေနဲ့ ပုံမှန်စောင့်ကြည့်နေတယ်ဆိုတဲ့သတင်း
- ကျောင်းသား ၊ ကျောင်းသူတွေ အရည်အချင်းကျဆင်းရခြင်းမှာ ဆရာ၊ ဆရာမတွေ ကျူရှင်ပြသတာနဲ့ သက်ဆိုင်တယ်လို့ ကျောက်ဖြူမြို့ပေါ်မှာပြုလုပ်တဲ့ ပညာရည်ချွန်ဆုပေးပွဲမှာ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ က ပြောကြားလိုက်တဲ့သတင်း
- ရခိုင်ဒေသမှာ စပါးဈေးကွက်မရှိတာကြောင့် နှစ်စဉ် ဆန်တန်ချိန်သုံးသောင်းကျော် ပိုနေတယ်ဆိုတဲ့သတင်း ၊
- ရခိုင်ပြည်ရှိ ရေနစ်မြုပ်ခဲ့တဲ့ မြို့နယ်တစ်ချို့မှ ရေဘေးရှောင်ပြည်သူတွေဟာ ရေပြန်လည်ကျသွားပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့နေရပ်တွေကို ပြန်သွားကြပြီဆိုတဲ့သတင်း တို့ ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူ အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။




