သာလီစွပါ (Daily News 28.7.2017)

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၄) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်၊ သောကြာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက

- ပထမဆုံးသတင်းတစ်ပုဒ်အဖြစ် မြောက်ဦးမြို့၊ မြို့ကွက်သစ်စီမံကိန်း တည်ဆောက်ရာမှာ အိမ်ထောင်စု ၁၆၀၀ အတွက် ဧက ၅၀၀ ကို အကောင်ထည်ဖော်ဆောင်ရွက်ရန် ညှိနိုင်းနေတဲ့သတင်း

- လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သံဃာတော်တွေနဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်း

- စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်းဆက်ငြိမ်းခြောက်တယ်လို့ တိုင်ကြားခံရတဲ့ ဒုရဲအုပ်တစ်ဦးကို ဌာနတွင်းခုံရုံးဖွဲစစ်ဆေး နေတယ်ဆိုတဲ့သတင်း

- ပုဒ်မ ၁၇ (၁)နှင့် တရားစွဲဆိုခြင်းခံထားရတဲ့ သတင်းထောက် ၃ ဦးကို တတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့တယ် ဆိုတဲ့သတင်း

- ညနေခင်းသတင်းအစီအစဉ်ရဲ့ နောက်ဆုံးသတင်းတစ်ပုဒ်အဖြစ် စစ်တွေမြို့၊ ဖိုးသာရွာ အမက ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ/သားတွေဟာ ကျောင်းကိုသွားလာဖို့ လမ်းမရှိတာကြောင့် ကလေးတွေအတွက် သွားလာရေးအခက်အခဲ ဖြစ်နေတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။

DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူ အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါတယ် ... ရှင့်

 

Author: DMG