သာလီစွပါ (Daily News 29.7.2017)
DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၆) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်၊ စနေနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- ပထမဆုံးသတင်းတစ်ပုဒ်အဖြစ် ကုလားတန်ဘက်စုံသုံးဆိပ်ခံတံတား ပြီးစီးသွားပါက ရခိုင်ဒေသက ပဲတွေကို အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်တင်ပို့သွားမယ် ဆိုတဲ့သတင်း
- ကျောက်ဖြူမြို့မှာ H1N1 တွေ့ရှိတယ်လို့ လူမှုစာမျက်နှာတွေပေါ်မှာ ကောလဟာလထွက်ရှိနေခြင်းအပေါ် ဒေသခံတွေ မယုံကြည်ဖို့နဲ့ ဆေးရုံကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ကျောက်ဖြူဆေးရှုံက တာဝန်ရှိသူတွေ ပြောကြားလိုက်တဲ့သတင်း
- ရခိုင်ပြည်နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လာမယ့်သြဂုတ်လအတွင်းမှာ လှည့်လည်ကြည့်ရှုသွားမယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောတဲ့သတင်း
- စစ်တွေမြို့ပေါ်မှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေ ရှိနေတာကြောင့် အများပြည်သူတွေ သွားလာရေး အဆင်မပြေဖြစ်နေရတဲ့သတင်း
- ညနေခင်းသတင်းအစီအစဉ်ရဲ့ နောက်ဆုံးသတင်းတစ်ပုဒ်အဖြစ် ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ပေါက်တောမြို့ပေါ်မှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တဲ့သတင်း တို့ကို ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူ အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါတယ် ... ရှင့်




