သာလီစွပါ (Daily News 7.8.2017)
DMG သတင်းဌာနက တင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၇ ရက် တနင်္လာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- ၅ ရက်ကြာပျောက်ဆုံးနေဆဲဖြစ်တဲ့ ကိုင်းကြီးကျေးရွာက မြိုအမျိုးသမီးကို ဒီနေ့အချိန်ထိ ရှာမတွေ့သေးတဲ့သတင်း
- နိုင်ငံတော်ဗုဒ္ဓဘာသာနေ့အခမ်းအနား နှင့် ဆရာတော် ဦးဝီရသူထောက်ခံပွဲကို မဘသအဖွဲ့မှ ဦးဆောင်ပြီး သံတွဲမြို့ပေါ်တွင် ကျင်းပပြုလုပ်ခဲ့တဲ့သတင်း
- ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာ အစိုးရရဲ့ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့ကို အခုနှစ်မှာ ပထမဦးဆုံးဖွဲ့စည်းလိုက်တဲ့သတင်း
- နေရပ်စွန့်ခွာလာသူတွေကို ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ကူညီပေးနေတဲ့ စေတီပြင်ကျေးရွာသို့ ဒကစမှူး ရောက်ရှိလာပြီး အားပေးစကားတွေ ပြောကြားခဲ့တဲ့သတင်း တို့ ဖြစ်ပါတယ်။




