သာလီစွပါ
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- ဝန်ကြီးဦးမင်းအောင်ကို ရခိုင်လွှတ်တော်က စွပ်စွဲထားသလို မဟုတ်မှန်ကြောင်း တောင်ကုတ်ဒေသခံတွေ ထောက်ခံပွဲ ပြုလုပ်သွားမယ်

- မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို) မှ အထူးကုဆရာဝန်ကြီးတွေ မောင်တောမြို့နယ်မှာ အခမဲ့ ဆေးကုသပေးနေပြီး သွေးအားနည်းတဲ့ရောဂါတွေ အများဆုံးတွေ့နေရ

- ကျောက်ဖြူမြို့နယ်မှာ အစိုးရအဆက်ဆက် အကောင်အထည်ဖော်နေတဲ့ ရွှေသဘာဝစီမံကိန်း၊ ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွေမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးနေရသလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ သင်္ဘောကြီးတွေအဝင်အထွက်ကြောင့် ဒေသခံရေလုပ်သားတွေရဲ့ ငါးဖမ်းဖို့နေရာပျောက်ဆုံးသွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ကိုထွန်းကြည်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

 

Author: DMG