သာလီစွပါ
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်
- Development Media Group ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ရခိုင့်အရေးနဲ့ သတင်းမီဒီယာကဏ္ဍကို ဆွေးနွေးသွားမယ်
- ဒေါက်တာအေးမောင်ရဲ့ နှုတ်ထွက်စာအပေါ် ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုးထွက်ပေါ်လာ
- မောင်တောမြို့နယ်မှာ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး ဆွဲမိုင်းဖောက်ခွဲခံရပြီး စစ်ဗိုလ်ကြီးတွေ ထိခိုက်ဒဏ်ရာရရှိ
- ကျောက်ဖြူမြို့ မြစ်ကြောင်းအတွင်းမှာ ငါးတွေရှားပါးလာမှုနဲ့ ကမ်းနီးငါးဖမ်းစက်လှေတွေမှာ ငါးဖမ်းဆီးမယ့်နေရာ အခက်အခဲရှိနေ
- မာန်အောင်မြို့နယ်ကဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိသလို တစ်ချို့ရောဂါတွေကို ဆေးကုသဖို့အတွက် စက်ကိရိယာတွေလိုအပ်နေတဲ့သတင်းတို့ ဖြစ်ပါတယ်။




