သာလီစွပါ
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်
- ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူပေါင်း လေးသောင်းကျော်ရှိတဲ့ အနက် ကျောင်းသားပေါင်း ငါးထောင့်လေးရာကျော် ဖြေဆိုဖို့ပျက်ကွက်ခဲ့
- ကျောက်ဖြူမြို့မှာ လူ ၂၂ ဦး ခွေးရူးအကိုက်ခံရပြီးနောက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ခွေးရူးတွေကို ကာကွယ်ဆေးလိုက်လံ ထိုးပေးနေ
- ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ရဲ့ အမှုတွဲပါဟောပြောချက်တိတ်ခွေကို တရားရုံးမှာဖွင့်ပြပေးဖို့တောင်းဆိုထားမှုကို ဒီကနေ့ တရားရုံးကပယ်ချခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ အကျိုးဆောင်ရှေ့နေတွေကပြော
- မာန်အောင်မြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး ပညာရေးအပြင် ပြင်ပဗဟုသုတ ရရှိစေဖို့ ရန်ကုန်မြို့သို့သွားပြီး သင်တန်း ၃ လ တက်ရောက်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။




