သာလီစွပါ (Daily News 12.7.2017)
DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော်လေးရက်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက
- လစ်လပ်နေတဲ့ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ နေရာကို ဝင်ပြိုင်ဖို့ ရခိုင်အမျိုးသားပါတီက ရွေးချယ်လိုက်ပြီဆိုတဲ့သတင်း ၊
- ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဒေသခံတစ်ချို့ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့သတင်း ၊
- ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းမြေနေရာအပေါ် လယ်ယာထွန်ယက်ခွင့် မပြုသေးတဲ့သတင်း ၊
- ကျောက်ဖြူဒေသခံတွေရဲ့ စိုးရိမ်ပူပင်မှုတွေကို လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြခဲ့တဲ့သတင်း နဲ့
- စစ်တွေခရိုင်အတွင်း တရားမဝင်ကုန်စည်ဝင်ရောက်မှု မရှိစေရေးအတွက် ကာကွယ်မှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေတဲ့ သတင်းတို့ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။




