သာလီစွပါ (Daily News 13.7.2017)
DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်၊ ကြာသပတေးနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက
- မင်းပြားကျိန်းတောင် ကျောက်ထုတ်လုပ်မှုများ ဆက်လုပ်မည်ဆိုပါက သမိုင်းဝင်စေတီများ ပျောက်ကွယ်သွားနိုင်တဲ့သတင်း ၊
- ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လက်ရှိနိုင်ငံတကာ အမြင်တွေပြောင်းလဲအောင် အရင်ဆုံးလုပ်ဆောင်သင့်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက အကြံပြုထားတဲ့သတင်း ၊
- မြောက်ဦးမြို့သစ်စီမံကိန်းကို အမြန်ဆုံးဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်မှာ မှတ်တမ်းအဖြစ်သာထားဖို့ ဆုံးဖြတ်ခဲ့တဲ့သတင်း ၊
- မစ္စယန်ဟီးလီရဲ့ အစီရင်ခံစာသာ ဘက်လိုက်မှုမရှိဘဲ မျှမျှတတရှိမယ်ဆိုရင် ကြိုဆိုသွားမှာပါလို့ ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုလိုက်တဲ့သတင်း နဲ့
- ရခိုင်ပြည်နယ်အစိုးရအနေဖြင့် လယ်ယာမြေနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောကြားလိုက်တဲ့သတင်း တို့ ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကိုသတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it.နဲ့ This email address is being protected from spambots. You need JavaScript enabled to view it.တို့ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။




