သာလီစွပါ (Daily News 3.8.2017)
DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၁၁) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်၊ ကြာသပတေးနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားတွေရဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြိုတိုင်းရင်းသား ၆ ဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးလျက်ရှိနေတဲ့သတင်း
- ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေကို တန်းတူအခွင့်အရေးပေးဖို့အတွက် စစ်တွေနည်းပညာတက္ကသိုလ်ဆရာ၊ ဆရာမတွေကသမဂ္ဂဖွဲ့စည်းပြီး တောင်းဆိုလိုက်တဲ့သတင်း
- ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့သို့ ရခိုင်အမျိုးသားပါတီ စည်းရုံးရေးဆင်းနေတဲ့သတင်း
- ကျောက်ဖြူမြို့နယ် မင်းဂံကျေးရွာအပါအ၀င်ကျေးရွာပေါင်း ၁၅ ရွာခန့်မှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ကြွက်တွေ ဝင်ရောက်ဖျက်ဆီးတဲ့အတွက် ဒေသခံတောင်သူတွေ နစ်နာဆုံးရှုံးနေရတဲ့သတင်း
တို့ဖြစ်ပါတယ်။




