သာလီစွပါ (Daily News 4.8.2017) 

 

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၁၂) ရက်၊  ခရစ်နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၄ ရက်၊ သောကြာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက  

 

- အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေတဲ့ တရားခံတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘင်္ဂါလီတွေက ဝိုင်းဝန်းတိုက်ခိုက်တာကြောင့် တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်း 

 

- မိုးရွာသွန်းမှုကြောင့် ပေါက်တောမြို့နယ် မြင့်ဂါ-ဖဒူကားလမ်း ဆိုးရွားစွာပျက်စီးမှု ဖြစ်ပေါ်နေပြီး ဒေသခံတွေ သွားလာရေးအခက်အခဲဖြစ်နေတဲ့သတင်း 

 

- ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသားတွေ ဘေးလွတ်ရာသို့ ရွေ့ပြောင်းလာနေကြတဲ့သတင်း 

 

- မောင်တောမြို့နယ်က ပျောက်ဆုံးနေတဲ့ မြိုတိုင်းရင်းသူ(၂) ဦးကို ရှာမတွေ့သေးတဲ့သတင်း 

 

- ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေကို ရာသီတုပ်ကွေးရောဂါအသိပညာပေး ဟောပြောမှုတွေ ပြုလုပ်နေတဲ့ သတင်း တို့ဖြစ်ပါတယ်။

 

Author: DMG