သာလီစွပါ (Daily News 6.8.2017)
DMG သတင်းဌာနက တင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း (၁၄)ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၆ ရက် တနင်္ဂနွေနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- NGO ၊ INGO အဖွဲ့တချို့ကို ရခိုင်ပြည်နယ်အတွင်းကနေ ထွက်ခွာပေးဖို့အတွက် စစ်တွေလူထုက ဆန္ဒထုတ်ဖေါ်သွားမယ့်သတင်း
- အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းမတက်ရဲကြတဲ့အတွက် တစ်ချို့ကျောင်းတွေမှာ ပိတ်ထားရတဲ့အခြေအနေရှိနေတဲ့သတင်း
- ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါသံသယရှိ ကလေးငယ်၂ ဦး ကျောက်ဖြူဆေးရုံမှာ သေဆုံးသွားတဲ့ သတင်း
- တောင်ကုတ် ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂအဖွဲ့ (ယာယီ) ရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အတည်ပြုခြင်း နှင့် ထမ်းဆောင်ရမယ့် တာဝန်တွေကို ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့သတင်း
- နေရပ်စွန့်ခွာ ပြောင်းရွေ့လာသူတွေ မိမိတို့ကျေးရွာတွေမှာ ပြန်လည်နေထိုင်ပြီး လုပ်ကိုင်စားသောက်နိုင်ဖို့ လုံခြုံရေးအခြေအနေတွေကို စိုးရိမ်နေကြတဲ့သတင်း တို့ ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေ ထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။
DTV NEWS ကို သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပးပို့နိုင်ပါတယ်။
DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးနေကြတဲ့ မိဘပြည်သူအပေါင်းတို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။




