သာလီစွပါ …
DMG သတင်းဌာနက တင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း (၁၄) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၇ ရက် သောကြာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက
- အကြမ်းဖက်မှု အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့စည်းပေးရေးအပါဝင် အချက် (၇)ချက်ကို မေယုဒေသခံတွေ တောင်းဆိုလိုက်တဲ့သတင်း
- ဒုက္ခသည်စခန်းက လူခုနှစ်ဦးကို တားမြစ်နယ်မြေထဲသို့ ခေါ်ဆောင်လာတဲ့ ရဲဝန်ထမ်းကို အရေးယူသွားမယ့်သတင်း
- ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကို မြို့နယ်သာသနာရေးဦးစီးဌာနက ပိတ်သိမ်းထားတဲ့အတွက် ပြန်လည်ကိုးကွယ်ခွင့်ရရှိရေးအတွက် မူးရင်းကျေးရွာသားတွေ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြသတင်း
- ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပါအ၀င် ပါတီ ၁၄ ခုရဲ့ သဘောထာား ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး ရခိုင့်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်က ဒါဟာ လုံးဝမဖြစ်သင့်ကြောင်းနဲ့ အစိုးရနဲ့သာသက်ဆိုင်ကြောင်း DMG ကို ပြောဆိုလိုက်တဲ့ သတင်းတို့ ဖြစ်ပါတယ်။
DTV NEWS ကို သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးနေကြတဲ့ မိဘပြည်သူအပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။




