သာလီစွပါ (Daily News 8.8.2017)
DMG သတင်းဌာနက တင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၁ ရက် ၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက် အင်္ဂါနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- ရခိုင်ပြည်နယ်အတွင်းက INGO ၊ NGO တွေကို ပြည်နယ်အစိုးရက အပြည့်အ၀ ကြီးကြပ်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး ဦးမင်းအောင်က ပြောဆိုလိုက်တဲ့သတင်း ၊
- လတ်တလော ရာသီဥတုအခြေအနေကြောင့် ရာသီအလိုက် တစ်ပိုင်တစ်နိုင် ကဏန်းရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေ အခက်တွေ့နေကြတဲ့သတင်း
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ လက်ခံနိုင်လောက်တဲ့အထိ အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့အတွက် ၂၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့မှာ တောင်းဆိုလိုက်တဲ့သတင်း
- မြိုတိုင်းရင်းသားတွေ သေဆုံးမှုနဲ့ပတ်သတ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်သလို အဲဒီကျေးရွာမှာ လုံခြုံရေးရဲကင်းစခန်း ဖွင့်လှစ်ထားရှိနိုင်ရေးအတွက် စီစဉ်လျက်ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်တဲ့ သတင်းတို့ ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေ ထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကို သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ် ပေးပို့နိုင်ပါတယ်။
DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့ မိဘပြည်သူအပေါင်းတို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။




