သာလီစွပါ (Daily News 9.8.2017)
DMG သတင်းဌာနက တင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၂ ရက် ၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက် ဗုဒ္ဓဟူးနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေက
- ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ နာရေးကူညီမှုအသင်းနဲ့ ဆင်တူနေတယ်လို့ ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဌ ဦးခိုင်ပြည်စိုး က ဝေဖန်လိုက်တဲ့သတင်း
- မောင်တောဒေသမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ်အရေးယူပေးရေးအဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးရန် သဘောတူညီလိုက်တဲ့သတင်း
- စစ်တွေတက္ကသိုလ်မှာ ဘောလုံးအားကစားကွင်းရရှိဖို့အတွက် ကျောင်းသားတွေရဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုပြုလုပ်နေတဲ့သတင်း
- ဒုသမ္မတ ဦးဆောင်တဲ့ မောင်တောဒေသစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုက ဝေဖန်လိုက်တဲ့သတင်း တို့ ဖြစ်ပါတယ်။
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကို DEVELOPMENT MEDIA GROUP က နေ ထုတ်လုပ်တင်ဆက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Facebook နဲ့ Youtube စာမျက်နှာတို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Website လိပ်စာကတော့ www.dmediag.com ဖြစ်ပါတယ်။ DTV NEWS ကို သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့ မိဘပြည်သူအပေါင်းတို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။




