ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှ ဂွမြို့၊ ကျိ န္တလီမြို့နဲ့ တောင်ကုတ်မြို့တို့တွင် မေလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်ပြီး နလန်ထူလာနိုင်ရေးအတွက် ကျန်းမာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

 

ဂွမြို့သိမ်ကုန်းစေတီတော်မှာ မေလ ၁၈ ရက် ညနေ ၆ နာရီက NLD နာယက သူရဦးတင်ဦးအတွက် ကျန်းမာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး ဂွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ  မြို့နယ်အလုပ်အမှုဆောင် ဥက္ကဌ ဦးစိန်ကျော်က ကျန်းမာရေးဆုတောင်းပွဲနဲ့ ပတ်သက်ပြီး DMG ကို အခုလိုပြောပြပါတယ်။

 

 

 

Author: မျိုးမြင့်ဇော်