ပြီးခဲ့တဲ့မေလ ၄ ရက်နေ့က စစ်တွေမြို့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ တာဝန်ပေးအပ်ခြင်း အခမ်အနားမှာ ဗိုလ်မှူးကြီး ထိန်လင်းက အဲ့ဒီလိုပြောကြား ခဲ့တာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းကူညီနေတဲ့ UN/INGO ပေါင်း ၃၁ ခုရှိပြီးတော့ အဲဒီအဖွဲ့ (၃၁) ခုကို ပြည်နယ်ဝန်ကြီးချုပ်က ဦးစီးပြီး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းထားကြောင်း သိရပါတယ်။





