လယ်မြေသိမ်းယူထားတယ်ဆိုပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ နှုတ်ထွက်ပေးရေး ဆန္ဒပြ

15 May 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျစက်မှုရပ်ကွက်မှ လယ်မြေတွေကို သိမ်းယူထားတယ်ဆိုပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ကို နှုတ်ထွက်ပေးဖို့ သိမ်းဆည်းခံ လယ်သမားတွေအပါအဝင် ဒေသခံ (၁၀၀) ခန့်က  ဒီကနေ့ (မေလ ၁၅ ရက်နေ့) နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လယ်သမား ၄၅ ယောက်ပိုင်ဆိုင်တဲ့ မြေဧက ၂၀၀ ကျော်ကို အစိုးရတာဝန်ရှိသူတွေ၊ မြို့မိမြို့မတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအပါအဝင် နိုင်ငံရေးပါတီတွေကို အစိုးရက မြေကွက်ရိုက်ပြီး ခွဲဝေချထားပေးခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူ ဦးလှထွန်းမောင်က ပြောဆိုပါတယ်။

ဗီဒီယိုများ