- Details
- မေမိုး
- Hits: 585
- Foreign Desk
ယူဂန်ဒါနိုင်ငံ၏အဓိကလေဆိပ်နှင့် ကင်ညာနိုင်ငံ၏ အကျိုးအမြတ်များသော မွန်ဘာဆာဆိပ်ကမ်းတို့နှင့် စပ်လျဉ်း၍လည်း တရုတ်သည် အလားတူဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ တရုတ်သည် ကင်ညာမီးရထားလမ်းများတွင် ၎င်း၏ ရင်းနှီး မြှုပ်နှံမှုပြန်လည်ရရှိရန် သေချာစေရေး နည်းလမ်းအဖြစ် မွန်ဘာဆာဆိပ်ကမ်းကို အလဲအထပ်တစ်ခုသဖွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
- Details
- စောသန္တာအေး
- Hits: 546
- Foreign Desk
RCSS-SSA သည်လည်း တအောင်းအမျိုးသမီးငယ်တစ်ဦးအား အဓမ္မကျူးလွန်ကြောင်း စွပ်စွဲခံထားရပြီး အဆိုပါအမှုကို ဖော်ထုတ်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ ပဋိပက္ခများကြောင့် ကျောက်မဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀ ခန့်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။ ကိုရိုနာကပ်ရောဂါ ရှိနေသဖြင့် ၎င်းတို့သည် လွတ်လပ်စွာ သွားလာရန်လည်း အခက်အခဲ ကြုံနေရသည်။
- Details
- မေမိုး
- Hits: 1340
- Foreign Desk
အချို့သော လက်နက်ကိုင်အုပ်စုများအား တရုတ်က အားပေးအားမြှောက်ပြုမှုအပေါ် မြန်မာအနေဖြင့် စိုးရိမ်ပူပန်မှုရှိကြောင်း မကြာသေးခင်က ရုရှားနိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။ ၎င်းမှာ အိန္ဒိယနိုင်ငံအတွက်လည်း အလွန်စိုးရိမ်စရာ ဖြစ်နေသည်။
- Details
- မေမိုး
- Hits: 1137
- Foreign Desk
မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုလုပ်ငန်းကို ထိန်းချုပ်နိုင်သည့်စွမ်းရည် မရှိခြင်းကြောင့် တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေနှင့် ထိုမှတစ်ဆင့် “နောက်ထပ် ကိုဗစ်-၁၉” ကဲ့သို့ ရောဂါများ ဖြစ်ပွားလာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။
- Details
- မေမိုး
- Hits: 832
- Foreign Desk
၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အချင်းချင်းယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့ကြားတွင် မဲကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တိုင်းရင်းသားပါတီများမှာ ယခုတစ်ကြိမ်တွင် NLD ပါတီနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့် NLD ပါတီအနေဖြင့် ယခုတစ်ခေါက်တွင်လည်း ယခင်ကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရဦးမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ လူအများစုကမူ NLD အနေဖြင့် အမတ်နေရာအများစုကို ထိန်းထားနိုင်ဦးမည် ဟု ယုံကြည်နေကြဆဲဖြစ်သည်။
Page 23 of 31