- Details
- Foreign Desk
- Hits: 274
မြန်မာစစ်တပ်က မွတ်ဆလင်လူနည်းစုများအပေါ် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်ကြောင်း သမ္မတဘိုင်ဒန် အစိုးရအဖွဲ့က တရားဝင် ဆုံးဖြတ်လိုက်သည်ဟု အမေရိကန်အာဏာပိုင်များထံမှ သိရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
- Details
- ကြည်ဖြူစံ
- Hits: 295
- Foreign Desk
မြန်မာစစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အောင်မြင်မှုနှင့် ကျရှုံးမှုဆိုင်ရာ အလားအလာများနှင့် ပတ်သက်ပြီး “တစ်နှစ်အလွန်” အစီရင်ခံစာများကို နိုင်ငံတကာမီဒီယာများက အကျဉ်းချုံးပြီး ပြန်လည်အာရုံစိုက်ခဲ့ကြသည်။
- Details
- Foreign Desk
- Hits: 125
ဝါရှင်တန်တွင် မတ်လကုန်ပိုင်း၌ ကျင်းပမည့် အမေရိကန်-အာဆီယံ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားသွားမည်ဟု အမေရိကန်က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
- Details
- ကြည်ဖြူစံ
- Hits: 115
- Foreign Desk
မေလတွင် မြန်မာစစ်တပ်အတွက် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံတန် မီးလင်းချိုင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကို တရုတ်ကုမ္ပဏီများက တည်ဆောက်လည်ပတ်မည်ဖြစ်ပြီး ပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည်က ယင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်နေပြီး ပွင့်လင်းမြင်သာမှုမရှိကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ထိုအချိန်က စွမ်းအင်ဝန်ကြီးဖြစ်ခဲ့သော ဦးဝင်းခိုင်၏ စာရင်းများကို စတင်စစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ စီမံကိန်းနှင့် ပတ်သက်ပြီး ကြေညာချက်မရှိတော့ပေ။
- Details
- ကြည်ဖြူစံ
- Hits: 125
- Foreign Desk
JF-17 တိုက်လေယာဉ်များကို ၂၀၁၅ ခုနှစ်မှစတင်ပြီး ပထမဆုံးအကြိမ် တင်သွင်းခွင့်ရသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ ၎င်းတိုက်လေယာဉ်များသည် ဘက်စုံသုံး အပေါ့စားတိုက်လေယာဉ်များ ဖြစ်ပြီး Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံမှ Chengdu Aircraft Industries Corporation တို့ ပူးပေါင်းထုတ်လုပ်သော တိုက်လေယာဉ်များ ဖြစ်ကြသည်။
Page 3 of 30