MRTV နှင့် မြဝတီအပါအဝင် ရုပ်သံလိုင်းငါးခုကို YouTube ပေါ်မှ ဖယ်ရှား

မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် ရုပ်သံချန်နယ် ငါးခုကို YouTube ပေါ်မှ ဖယ်ရှားလိုက်ကြောင်း YouTube ကုမ္ပဏီက သောကြာနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 05 Mar 2021

မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် ရုပ်သံချန်နယ် ငါးခုကို YouTube ပေါ်မှ ဖယ်ရှားလိုက်ကြောင်း YouTube ကုမ္ပဏီက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ဖယ်ရှားခံရသည့် YouTube ချန်နယ်များမှာ MRTV ၊ Myawaddy Media ၊ MWD Online Broadcasting ၊ MWD Variety နှင့် MWD Myanmar တို့ဖြစ်သည်။

YouTube ကုမ္ပဏီမှ ထုတ်ပြန်ထားသည့် စည်းမျှဉ်းစည်းကမ်းများအား မလိုက်နာသောကြောင့် ပယ်ဖျက်လိုက်ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဖြေကြားသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ဖေ့စ်ဘုတ်ကုမ္ပဏီသည် တပ်မတော် သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို ဖေ့စ်ဘုတ်ပလက်ဖောင်းပေါ်မှ ဖယ်ရှားခဲ့သည်။

အကြမ်းဖက်မှုပေါ်အောင်အောင် လှုံ့ဆော်မှုများအား တားမြစ်သည့် စည်းကမ်းများအား အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့သဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာအား ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း ဖေ့စ်ဘုတ်ကိုယ်စားလှယ်တစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ