- Details
- စိမ်းကိုကို
- Hits: 2340
- စစ်တွေ
စစ်တွေမြို့တော်ကို ရေပေးဝေနေသော ကန်တော်ကြီးမှာ ၃ နှစ်အတွင်း ဆက်တိုက် ရေခမ်းခြောက်နေ၍ ပြီးခဲ့သည့်နှစ်က ရေခမ်းခြောက်မှုကို ရှောင်နိုင်ရန် အဆင့်မြှင့်တင် တူးဖော်ခဲ့သော်လည်း ယခုနှစ်တွင် ဆိုးရွားစွာရေခမ်းခြောက်မှုကို တွေ့ရသည်။
- Details
- နေဝင်းစံ
- Hits: 495
- စစ်တွေ
ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်လုံးတွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
လက်ရှိ စစ်တွေမြို့၌ နေရာ ၁၀ ခုတွင် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
မြောက်ဦးဖြစ်စဉ်အတွင်း ဦးဆောင်လှုံ့ဆော်သူများနှင့် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်သားသေဆုံးမှုများနှင်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှု သေခင်းဖွင့်ထားပြီး ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ/မရှိကို စုံစမ်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

(ဓါတ်ပုံ - စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းအနီးတွင် လုံခြုံရေးယူထားစဉ်။ နေဝင်းစံ)


- Details
- ကံပွင့်
- Hits: 753
- ဘူးသီးတောင်
ဘူးသီးတောင်မြို့မှာ (၄) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မြို့မအားကစားကွင်း၌ ယနေ့နံနက်က စတင်ပြီး ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။ ယင်းအခမ်းအနားတွင် မြို့ပေါ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှူအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လျှက်ရှိသည်။
- Details
- ဝံသ(မောင်တော)
- Hits: 385
- မောင်တော
ရခိုင်ပြည်၏ အနောက်တံခါးဖြစ်သော မောင်တောမြို့တွင် (၄) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သိရိမင်္ဂလာခန်းမတွင် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်က စတင်ပြုလုပ်လျှက်ရှိပြီး အခမ်းအနားကို ရခိုင်စည်တော်အဖွဲ့က ပိုဒ်စုံရတုနှင့် သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရခိုင်အမျိုးသားပါတီ ဗဟိုမှ ပေးပို့သော သဝဏ်လွှာကို မောင်တော ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးမောင်သန်းက ဖတ်ကြားခဲ့သည်။
- Details
- မျိုးမြင့်ဇော်
- Hits: 509
- DMG
တရုတ်နိုင်ငံ၊ တိုင်ပေ(ထိုင်ဝွမ်)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ဇာတိ ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင်က ဆွတ်ခူးရရှိခဲ့ပါတယ်။
Page 1 of 2








