ဘူးသီးတောင်မြို့ ဌာနဆိုင်ရာများမှ ၀န်ထမ်းအင်အား ၃၀၀ ဖြင့် မလ ၆ ရက် နံနက် ၇ နာရီက စတင်ပြီး မေယုလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ အလိုတော်ပြည့် ဘုန်းကြီးကျောင်းအထိ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပါဒလိတ်ကျေးရွာရှိ ရိုးရာစဉ်လာအရ ကိုးကွယ်လာသော နတ်ကွင်းအား စစ်တပ်မှ သံဆူးကြိုး ဘားဝါယာကာရံရန် စီစဉ်နေသဖြင့် ပါဒလိတ်ဒေသခံများက ယနေ့ မေလ ၅ ရက်နေ့တွင် ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြခြင်း ဖြစ်သည်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ လက်ရှိ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ မီးသတ်ကားများက အချိန်မီငြိမ်းသတ်နိုင်ခဲ့တာကြောင့် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။ လူခြုံရေးကိုတော့ ယခင်ကထက် ပိုမိုတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာမှာ ဦးဦးကျော်မြင့် နေအိမ်သို့ ဦးသိန်းထွန်းဆိုသူက ကျေးရွာအတွင်းမှ လူရင်းကားများနှင့် မိသားစုတို့ကို ခေါ်ယူကာ လူပေါင်း ၄၀ ခန့် ခေါ်ယူပြီး အိမ်၊ ကားနှင့် ဆိုင်ကယ်တို့ကို အုပ်စုလိုက် ရိုက်နှက် ဖျက်စီးမှူတစ်ခု ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ ဦးဦးကျော်မြင့်က ပြောကြားသည်။