ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့က လူစည်ကားတဲ့နေရာတွေမှာ လှည့်လည်တောင်းရမ်းနေကြတဲ့ ကလေးငယ်တွေကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ အရင်က ဒီလိုကလေးတွေ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တဖြည်းဖြည်းများလာနေပြီးတော့ လက်ရှိမှာ ကလေး ၁၀ ကျော်ကနေ ၂၀ အထိ ရှိနိုင်ပါတယ်။

“အမျိုးသမီးတွေက လွတ်လပ်ခွင့်ပိုရကြလာတော့ အကြမ်းဖက်ရန်လိုသူတွေက သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိ တော့သလို ခံစားလာရတဲ့အတွက် အကြမ်းဖက်မှုတွေကို အားကုန်သုံးပြီး တုံ့ပြန် လုပ်ဆောင်လာကြတယ်” ဟု စပိန်အစိုးရ ကျား၊မ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် Victoria Rosell က ဆိုသည်။

နာတာရှည်ကိုဗစ်ရောဂါသည် ကိုဗစ်ကြောင့် သေဆုံးမှုထက်ပိုပြီး အဖြစ်များမည်ဆိုပါက ခံစားရမှုသည် ကာလရှည်ကြာကာ ကုန်ကျစရိတ်များလည်း ပိုမို မြင့်တက်လာဖွယ်ရှိကြောင်း လတ်တလော အချက်အလက်များတွင် အခိုင်အမာတွေ့ရှိထားသည်။ နာတာရှည်ကိုဗစ်ဝေဒနာ ခံစားရသူများသည် အားအင်ယုတ်လျော့ခြင်း၊ နာကျင်ခြင်းတို့ကို နှစ်ရှည်ခံရပြီး သက်တမ်းတိုနိုင်သည့် အခြေအနေနှင့်လည်း ကြုံတွေ့ရမည်ဆိုပါက ကုန်ကျစရိတ်လည်း ထပ်တိုးစေနိုင်သည်။

တိရစ္ဆာန်တွေလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သလား ဆိုတာနဲ့ပတ်သက်လို့ ဒီကပ်ဘေးကြီး စတင်ချိန်တည်းက လူတွေ စိုးရိမ်ခဲ့ကြပါတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ SARS-Cov-2 ကိုရိုနာဗိုင်းရပ်စ် လူတွေဆီကနေ တိရစ္ဆာန်တွေဆီ ကူးစက်မှုမျိုး များများစားစားတော့ မရှိပါဘူး။

“စာကျက်နေရင်း ကြားရတဲ့ ကျည်ဆံသံတွေကြောင့် စာအုပ်ချပြီး ပြေးရတဲ့အချိန်တွေလည်း ရှိတယ်။ ဆရာ စာသင်နေရင်း ပစ်ခတ်သံ၊ မီးခိုးလုံးတွေနဲ့ မီးတောက်တွေ မြင်ရရင် ချက်ချင်း အိမ်ဘက်ကိုပြေးရတယ်။ ပြေးလိုက် ပြန်သင်လိုက်ဆိုတော့ သင်ခန်းစာတွေက မပြီးမပြတ်တာတွေ ရှိလာခဲ့တယ်။ ရေတပ် နေဗီလာပြီလို့ ရွာသားတွေက အော်လိုက်ရင် စာသင်နေရင်း တူးထားတဲ့ ကျင်းတွေထဲကို အမြန်ဝင်ပုန်းရပါတယ်။ အဲဒီလိုအချိန်တိုင်း ငါစာမေးပွဲအောင်ပါ့မလားဆိုတဲ့ အတွေးတွေကလည်း အမြဲကိုတွေးပြီး ငိုခဲ့ရတာ”