ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာ တံတားအနီးမှာ စက်တင်ဘာလ ၁၅ ရက် မနက်ပိုင်းက မိုင်းပေါက် ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် သေနတ်ကျည်ဆံတွေ နေအိမ်ကို လာရောက်ထိမှန်တဲ့အတွက် ကျေးရွာသားတွေ ရွာကထွက်ပြေးနေရပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ အမှိုက်ကောက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတွေ တဖြည်းဖြည်းများပြားလာပါတယ်။ ဒီအကြောင်းကို DMG သတင်းထောက် သက်နိုင် ရိုက်ကူးတင်ဆက်ထားပါတယ်။

စင်းဘောကိုင်းစစ်ဘေးရှောင်မှာ လူဦးရေ (၃)ထောင်ကျော် ခိုလှုံနေတာဖြစ်ပြီး တစ်လမှာဆန်အိတ် (၉၀၀) ကျော် ကုန်ကျနေပါတယ်။ လက်ရှိမှာတော့ စားနပ်ရိက္ခာ တစ်ပတ်စာလောက်ပဲ ကျန်ရှိတာကြောင့် ရိက္ခာပြတ်လပ်သွားမှာကို စစ်ဘေးရှောင်တွေ စိုးရိမ်မှုရှိနေကြပါတယ်။

လာမယ့် စက်တင်ဘာလ (၉) ရက်နေ့မှာ ကျရောက်မယ့် နှစ်(၈၀)ပြည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပဖို့အတွက် ငြိမ်း၊စု၊စီလို့ခေါ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်တင်ထားရတယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

စစ်တွေတက္ကသိုလ် (၂၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲနဲ့ ဈေးရောင်းပွဲတော်၊ တေးဂီတဖျော်ဖြေပွဲတော်တို့ကို စက်တင်ဘာလ ၄ ရက်နေ့ကနေ ၅ ရက်နေ့အထိ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က မွတ်ဆလင်နဲ့ရခိုင်တို့အကြား လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အရေးအခင်းတစ်ခုဖြစ်ခဲ့တာကြောင့် နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်ဆံရေးတွေ တင်းမာခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ မောင်တောဒေသမှာ ARSA အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့်လည်း နှစ်ဘက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ပါတယ်။ ။ အခုအချိန်မှာတော့ ဒီအသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည်တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပါတယ်။

မြောက်ဦးမြို့နယ် အုက္ကန်ကျေးရွာက မာင်ဖြိုးဟိန်းကျော်တစ်ယောက် (၈) တန်းစာမေးပွဲဖြေပြီးလို့ သူငယ်ချင်းတွေနဲ့အတူ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်လာခဲ့ပါတယ်။ အိမ်ကိုရောက်တဲ့အခါ “သားကို ကျောင်းဆက်မထားနိုင်တော့ဘူး” လို့ သူ့အမေပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါ အရမ်းကို ထိခိုက်ခံစားခဲ့ရပါတယ်။ သားတွေကို ပညာတတ်ကြီးဖြစ်စေချင်ပေမဲ့ လင်ရဲ့စွန့်ပစ်ခြင်းကိုခံရပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေရတဲ့ မိခင်ဒေါ်ခိုင်ခိုင်ဦးအဖို့ သူ့သားကို လယ်ကွင်းထဲပို့ရုံမှတပါး တခြားရွေးစရာလမ်း မရှိခဲ့ပါဘူး။