မြန်မာ၊ ဘင်္ဂလားဒေရှ့်အစိုးရတွေနဲ့ UN တို့ ပူးပေါင်းဆောင်ရွက်မှ ပြန်လာနိုင်မယ်လို့

09 May 2018

dtv news - ဧပြီလ ၂၄ ရက်နေ့က တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းကို ပြန်လည် ဝင်ရောက်လာတဲ့ တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တဲ့ တောင်ပြိုလက်ယာကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုကို သတင်းမီဒီယာတွေက တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံကြစဉ် ပြည်တွင်းပြည်ပသတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့တာဖြစ်ပြီးတော့ တစ်ဖက်နိုင်ငံကိုရောက်ရှိနေတဲ့ သူတွေရဲ့ ပြန်လာမယ့် အရေးဟာ မြန်မာအစိုးရ ဘင်္ဂလာဒေရှ့်အစိုးရနဲ့ UN တို့ပူးပေါင်းဆောင်ရွက်ပြီးမှ ပြန်လာနိုင်လိမ့်မယ်လို့ တောင်ပြိုလက်ယာအုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဝံသ(မောင်တော)

{youtube}ogG7oUN4ApQ?t{youtube}

ဗီဒီယိုများ