တနင်္သာရီတွင် နည်းပညာတက္ကသိုလ်မှ ကျောင်းသူတစ်ဦးထပ်မံဖမ်းဆီးခံရ၊ မုံရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ နည်းပညာတက္ကသိုလ်မှ ပဉ္စမနှစ် လျပ်စစ် အင်ဂျင်နီယာမေဂျာ ကျောင်းသူတစ်ဦးကို ယနေ့ ဒီဇင်ဘာ(၁၀)ရက်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးသွားကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ထံမှ သိရသည်။

10 Dec 2021

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းးခံထားရသော ထားဝယ်နည်းပညာတက္ကသိုလ်မှ လျှပ်စစ် မေဂျာ ပဉ္စမနှစ် တက်ရောက်နသေည့် ကျောင်းသူနှစ်ဦး

DMG ၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ နည်းပညာတက္ကသိုလ်မှ ပဉ္စမနှစ် လျပ်စစ် အင်ဂျင်နီယာမေဂျာ ကျောင်းသူတစ်ဦးကို ယနေ့ ဒီဇင်ဘာ(၁၀)ရက်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးသွားကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသူ မဇီဇဝါလှိုင်(5th year of Electronics Engineering)ဆိုသူဖြစ်ပြီး နံနက် ၁၁ နာရီအချိန်တွင် စစ်ကောင်စီတပ်များမှ နေအိမ်သို့ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သူမနှင့်နီးစပ်သူတစ်ဦးက DMG ကိုပြောသည်။

"သူငယ်ချင်းကိုဖမ်းသွားတာ။ အင်အားတော်တော်များတယ်လို့ကြားရတယ်။ အတင်းဝင်ရောက်ပြီးဖမ်းသွားတာ။ အခုပြန်လွတ်အောင် သမဂ္ဂအဖွဲ့ကကြိုးစားပေးနေတယ်လို့သိရပါတယ်"ဟု မဇီဇဝါလှိုင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ထားဝယ်နည်းပညာတက္ကသိုလ် လျပ်စစ်မေဂျာမှ ပဉ္စမနှစ် ကျောင်းသူ မသိမ့်ဇင်ဇင်ဖူးဆိုသူ ပျောက်ဆုံးနသေည်ဟုထင်ကာ စုံစမ်းရာမှ စစ်ကောင်စီတပ်များမှ ဖမ်းဆီးထားသည်ကို သိရှိခဲ့ရကြောင်းး မိသားစုဝင်များမှဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၅ ဦးအထိ စစ်ကောင်စီမှ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၀ ဦးပြန်လည်လွတ်မြောက်ခဲ့ကာ ၅ ဦးမှာ နိုင်ငံရေးပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်နေရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း ယနေ့ နံနက် ၁၀ နာရီအချိန်၌ မီးပွိုင့်လမ်းဆုံတနေရာတွင် အမျိုးသားနှစ်ဦးဆိုင်ကယ်စီးနင်းလာရာ ဆိုင်ကယ်အတွင်းထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးမှာအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာဒေသခံတစ်ဦးက ပြောသည်။

"ကောင်လေးနှစ်ယောက် ဆိုင်ကယ်စီးလာတာ။ အဲဒါမီးပွိုင့်လဲရောက်ကော ဆိုင်ကယ်ထဲက ဗုံးထပေါက်တာ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်က ဒဏ်ရာပြင်းတယ်။ အဲကစစ်သားတွေ၊ ရဲတွေ သေနတ်တွေနဲ့လိုက်ပစ်တာတွေကြားခဲ့ရတယ်။ ဒဏ်ရာရတဲ့ကောင်လေးကို ဆေးရုံကားနဲ့ခေါ်သွားတာတွေ့ရတယ်"ဟု အဆိုပါဒေသခံက ပြောသည်။

ယနေ့တွင် ရန်ကုန်တိုင်း၌ စစ်ကောင်စီတပ်ထောက်ခံသူအင်အား ၉၀ ကျော်က ဆူးလေဘုရား မြို့တော်ခန်းမမှစတင်ကာ ရန်ကုန်မြို့အနှံ့တစ်လျှောက် အင်အားပြလမ်းလျှောက်မှုများရှိခဲ့သည်။

ဗီဒီယိုများ