စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့သည့် တောင်ကုတ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ အမိန့်ချမှတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးကို ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်လိုက်ကြောင်း သိရသည်။

17 Sep 2021

DMG ၊ စက်တင်ဘာ ၁၇

ဖေဖေါ်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကိုဖမ်းဆီးကာ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ၊ ဘေး/စီ/မံဥပဒေပုဒ်မ- ၂၅ တို့ဖြင့် အမှုဖွင့်လှစ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ၇ လကျော်ကြာဖမ်းဆီးတရားစွဲဆိုခံရပြီးနောက် ယနေ့တွင် ငြိမ်းစုစီပုဒ်မအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံပုဒ်မအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လ ချမှတ်ခံရခြင်း ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

ဗီဒီယိုများ