ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူများရှိလာသည့်အတွက် မပေါ့ဆရန် ULA ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ ယခင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလများထက် အရေအတွက်များလာသည့်အတွက် မပေါ့ဆရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်သည်။

06 Jul 2021

DMG ၊ ဇူလိုင် ၆

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ ယခင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလများထက် အရေအတွက်များလာသည့်အတွက် မပေါ့ဆရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်သည်။

မောင်တောမြို့၌ ယခုရက်အတွင်း ဒေသခံများမဟုတ်ဘဲ ပြည်မမှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသူများထဲတွင် ကိုရိုနာကူးစက်ရောဂါပိုးအား တတိယလှိုင်းအစ၌ ပထမဆုံး အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ရကြောင်း ULA က ဆိုသည်။

လက်ရှိ စစ်ကောင်စီနှင့် ကျန်းမာရေးဌာနတို့မှာ ကိုရိုနာကူးစက်မြန်ရောဂါနှင့်ပတ်သက်ပြီး  ကြိုတင်ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်းများ သီးသန့်ထားခြင်းလုပ်ငန်းများကို ထိရောက်စွာမလုပ်သေးကြောင်းလည်း ထုတ်ပြန်ထားသည်။

ထိုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုရိုနာကူး စက်မြန်ရောဂါနှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းချက်များ၊ ရက္ခိုင့်ပြည်သူ့အာဏာအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို လိုက်နာရန်နှင့် မပေါ့ဆကြရန် ULA က ပြောထားသည်။

ဗီဒီယိုများ