AA မှ ကျဆုံးသွားသည့် ဗိုလ်လောင်းများအား ဂုဏ်ပြုပွဲ ပြုလုပ်ရာတွင် ပါဝင်သူတစ်ဦး ဖမ်းဆီးခံရ

၂၀၁၄ ခုနှစ်က ကေအိုင်အေ ဗိုလ်လောင်းသင်တန်း‌ကျောင်းကို တပ်မတော်မှ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်လောင်း ၈ ဦးအား အောက်မေ့ဂုဏ်ပြုခြင်း အထိမ်းအမှတ်ပြုလုပ်ရာတွင် ပါဝင်သူတစ်ဦး ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

By မျိုးသီရိကျော် 20 Nov 2020

အောင်ထိန်၊ DMG
နိုဝင်ဘာ ၂၀ ၊ စစ်တွေ

၂၀၁၄ ခုနှစ်က ကေအိုင်အေ ဗိုလ်လောင်းသင်တန်း‌ကျောင်းကို တပ်မတော်မှ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်လောင်း ၈ ဦးအား အောက်မေ့ဂုဏ်ပြုခြင်း အထိမ်းအမှတ်ပြုလုပ်ရာတွင် ပါဝင်သူတစ်ဦး ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါပွဲ၌ ပါဝင်ခဲ့သူ ဦးအစံမောင်အား နိုဝင်ဘာလ ၂၀ ရက် ၁ နာရီအချိန်ခန့်က၎င်းနေထိုင်ရာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်သို့ SB နှစ်ဦးက နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်‌ဆောင်သွားကြောင်း မိသားစုဝင်များထံမှသိရသည်။

“သူနဲ့တော့ တွေ့ခဲ့ရတယ်။ ဘယ်သူဦးဆောင်လို့ လုပ်တာလဲလို့မေးတယ်လို့ပြောတယ်။ သူက မသိဘူးဖြေတယ်လို့ ပြောတယ်” ဟု သွားရောက်တွေ့ဆုံခဲ့သူဒေါ်ကျော့စိန်က ရှင်းပြသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ ဦးအစံမောင်ကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဦးအစံမောင်အား အမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ရဲစခန်းသို့ DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပေ။

စစ်တွေမြို့BXT ဆိပ်ကမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ကျဆုံးခဲ့သည့် ဗိုလ်လောင်းများအား ဂုဏ်ပြုခြင်းအနေဖြင့် တစ်မိန်နစ်ခန့်ငြိမ်သက်ပြီး အသံတိတ်ဦးညွှတ်ခြင်း၊ ရခိုင်မျိုးသားရေးသီးချင်း ရွတ်ဆိုခြင်းနှင့် မီးထွန်းဂါရဝပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါပြုလုပ်မှုတွင် လူငယ် ၅၀ ခန့် ပါဝင်ခဲ့ကြသည်။

ဗီဒီယိုများ