ဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်ခြင်းအတွက် ALP မှ ဝမ်းနည်းကြောင်းထုတ်ပြန်

ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ကိုဗစ်ကူးစက်ခံရ၍ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

18 Jul 2021

DMG ၊ ဇူလိုင် ၁၈

ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ကိုဗစ်ကူးစက်ခံရ၍ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဗိုလ်မှူးကြီးဘုန်းမြတ်ကွယ်လွန်ခြင်းသည် ရက္ခိုင့်တပ်တော် တစ်ခုတည်း၏ ဆုံးရှုံးမဟုတ်ဘဲ ရခိုင်တော်လှန်ရေး၏ ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ALP က ဆိုသည်။

ဗိုလ်မှူးကြီး ဘုန်းမြတ်အတွက် ရက္ခိုင့်တပ်တော်၏ တပ်မှူးချုပ်/ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဦးညွှတ်ဂုဏ်ပြုကြောင်း သူ၏ တွယ်တာအကောင့်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ