အမ်းမြို့နယ်မှာ မော်တော်ယာဉ်တစ်စီးအား မီးရှို့ဟု တပ်ထုတ်ပြန်ချက် AA ငြင်းဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က မော်တောယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တပ်မတော်က ထုတ်ပြန်သော်လည်း AA ဘက်က ငြင်းဆိုလိုက်သည်။

By ဝင်းညွန့် 22 Jan 2020

"AA အကြမ်းဖက်သောင်းကျန်းသူများက မော်တာ်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၊ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်" ဟု တပ်မတော်က ထုတ်ပြန်သည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဝင်းညွှန့် | DMG
ဇန်နဝါရီ ၂၂၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က မော်တောယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တပ်မတော်က ထုတ်ပြန်သော်လည်း AA ဘက်က ငြင်းဆိုလိုက်သည်။

ရွှေကံ့ကော်ယာဉ်လိုင်းမှ ဝေပိုင်မိုင်း(ဘ)ဒုတိယအရာခံဗိုလ် ကျော်မိုး မောင်းနှင်လာသည့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ဟွန်ဒိုင်းအမျိုးအစားကို အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာ အနီးတွင် ဇန်နဝါရီ ၂၀ ရက် နံနက်၉ နာရီခန့်တွင် AA က မီးရှို့ဖျက်ဆီးခဲ့သည်ဟု  တပ်မတော်က ထုတ်ပြန်သည်။

ယင်းနေရာတွင် မိမိတို့တပ်ဖွဲ့ဝင်များမရှိကြောင်းနှင့် တပ်မတော်ဘက်က စွပ်စွဲထုတ်ပြန်ခြင်းသာဖြစ်သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုန့်ပြန်သည်။

“အဲဒီကိစ္စနဲ့ကျနော်တို့ လုံးဝပတ်သက်မူမရှိဘူး။ ကျနော်တို့ဘက်က လုပ်စရာလည်းမရှိဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ