အာဏာသိမ်းပြီး ၁ နှစ်ခန့်အကြာ နိုင်ငံအတွင်းပဋိပက္ခများကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးပိုမိုအခက်ကြုံ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်တပ်မှအာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ခန့်ကြာမြင့်လာသည့်တိုင် နိုင်ငံအတွင်း အခြေခံလူတန်းစားများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ပိုမိုကြုံတွေ့လာနေရကြောင်း သိရသည်။

By DMG 23 Jan 2022

DMG ၊ ဇန်နဝါရီ ၂၃

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်တပ်မှအာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ခန့်ကြာမြင့်လာသည့်တိုင် နိုင်ငံအတွင်း အခြေခံလူတန်းစားများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ပိုမိုကြုံတွေ့လာနေရကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာကာ မိသားစုတစ်စုအတွက် စားသောက်နေထိုင်ရန် အကျပ်အတည်းဖြစ်လာသည်ဟု ညောင်တုန်းမြို့တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးမှ DMG ကိုပြောသည်။

"အခြေခံစားသောက်ကုန်တွေထဲမှာ အဆိုးဆုံးက ဆန်ဈေးတွေကပိုတက်တယ်။ စားသုံးဆီဈေးတွေလည်းပါတယ်။ ဆန်ဈေးတွေကအရင်ကဆိုရင် တစ်အိတ်ကို ၂၀၀၀၀ ကျပ်လောက်ပဲရှိတယ်။ အခုဆိုရင် ၃၀၀၀၀ ကျော်လောက်ဈေးတက်တယ်"ဟု ၎င်းကဆိုသည်။

စားသုံးဆီဈေးမှာလည်း ယခင်က တစ်ပိဿ ၆၀၀၀ ကျပ်မှ ယခုတစ်ပိဿ ၁၈၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာကာ အခြားအသီးအရွက်ဈေးနှုန်းများလည်းမြင့်တက်လျက်ရှိကြောင်း ၎င်းအိမ်ရှင်မက ဆက်ပြောသည်။

စက်သုံးဆီဈေးနှုန်းများလည်းမြင့်တက်နေသဖြင့် သွားလာရာတွင် အခက်အခဲများရှိနေကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင် းတစ်ဦးက ပြောသည်။

"စက်သုံးဆီဈေးတွေက မတရားကိုတက်နေတာ။ အရင်ကဆိုရင် ၈၅၀ ကျပ်ပေါ့။ အခုကျတော့ ၁၅၀၀ ကျပ်လောက်ဖြစ်ကုန်တယ် အဲတာ 92 ပေါ့။ 95 ဆို ၁၆၀၀ ကျပ်လောက်ရှိတယ်။ အဲ့လောက်ဈေးတက်တော့ အငှားစီးခတွေလဲဈေးတက်ကုန်ကော။ ကြာတော့ ခရီးသည်တွေလဲရှားလာတယ်။ တခါတလေ ခရီးသည်မရတဲ့နေ့ဆို အဆင်ပြေသလိုပဲတင်ပြီး အိမ်ပြန်ရတော့တာပါပဲ။ အော်ဒါကြေးတွေ၊ ခရီးဝေးတွေခေါ်ရင်တော့ ရတဲ့နည်းနဲ့စွန့်စားပြီးသွားရတာပေါ့။ အဓိက မိသားစုတွေများတော့ပိုဆိုးတာပေါ့နော်"ဟု ၎င်းကဆိုသည်။

လက်ရှိ နိုင်ငံတစ်ဝှမ်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်သားလက်နက်ကိုင်ပူးပေါင်းအဖွဲ့အပါအဝင် PDF တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

ထိုသို့ နိုင်ငံရေးအခြေအနေတည်ငြိမ်မှုမရှိခြင်းကြောင့် အခြေခံလူတန်းစားများမှာ ဆင်းရဲဒုက္ခပိုမိုကြုံတွေ့ရနိုင်ကြောင်းလည်း ဆြေိုမှုများရှိနေသည်။

"ဒီအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အခြေခံလူတန်းစားတွေရဲ့ဘဝက ပိုပြီးဆိုးရွားဖို့ပဲရှိတယ်။ ကုလသမဂ္ဂကလည်း ဒီနှစ်ပိုင်းအတွင်း ပဋိပက္ခကြောင့်စားနပ်ရိက္ခာရှားပါးမဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်းပါနေတယ်။ ပြီးတော့ဒီမှာက ကုန်သည်ကြီးများအသင်းဆိုပြီး စစ်ကောင်စီနဲ့တွဲပြီး ဈေးလိုက်ထိန်းတယ်။ ဈေးထိန်းတာမဟုတ်ပဲနဲ့ ဈေးပိုကြီးလာတာပဲအဖတ်တင်တယ်။ အဲတော့ နိုင်ငံအတွင်းမှာ နေရာအနှံ့တိုက်ပွဲဖြစ်နေတော့
့အခြေခံလူတန်းစားတွေမှာ ပိုပြီးထိခိုက်ရအုံးမယ်လို့ပဲပြောပြချင်ပါတယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးမှ ပြောဆိုသည်။

မြန်မာနှင့် နှစ် ၃၀ ကြာမြင့်စွာရပ်တည်လုပ်ကိုင်ခဲ့သည့် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့အခြေစိုက် သဘာဝဓာတ်ငွေ့ရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်သည့် Total နှင့် အမေရိကန်နိုင်ငံအခြေစိုက် Chervon ကုမ္ပဏီတို့မှလည်း မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်ကြောင်း ယခုဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ