ဗန်းဗွီးစစ်ဘေးရှောင်များကို အထည်ချုပ်စက် ၁၀ လုံး ရခိုင်ကျောင်းသားများလှူဒါန်း

ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာရှိ မြိုလူမျိုးစစ်ဘေးရှောင်များ အဓိကနေထိုင်သော ဗန်းဗွီးဒုက္ခသည်စခန်းကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျပ်သိန်း ၂၀ ဝန်းကျင်တန်ဖိုးရှိ အထည်ချုပ်စက် အလုံး ၂၀ ကို မတ်လ ၃၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

01 Apr 2021

ဓါတ်ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

DMG ၊ ဧပြီ ၁

ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာရှိ မြိုလူမျိုးစစ်ဘေးရှောင်များ အဓိကနေထိုင်သော ဗန်းဗွီးဒုက္ခသည်စခန်းကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျပ်သိန်း ၂၀ ဝန်းကျင်တန်ဖိုးရှိ အထည်ချုပ်စက် အလုံး ၂၀ ကို မတ်လ ၃၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

ယင်းဒုက္ခသည်စခန်းတွင် ပညာဒါနအထည်ချုပ်သင်တန်းဖွင့်လှစ်နိုင်ရန် ရည်ရွယ်ကြောင်းနှင့် ဆက်လက်လှူဒါန်းပေးသွားမည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗန်းဗွီးဒုက္ခသည်စခန်းမှလည်း မြိုစာပေဖြင့်ရေးသားထားသော စာအုပ်များကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂသို့ လက်ဆောင်ပေးကာ မြိုစာပေယဉ်ကျေးမှုများကို မျှဝေခဲ့ကြသည်။

အထည်ချုပ်သင်တန်း ပြီးမြောက်စွာဖြစ်မြောက်နိုင်ရေးအတွက် အထည်ချုပ်စက်များ ထပ်မံလိုအပ်နေပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း ဆိုသည်။

ယင်းအပြင် အခြားစစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင်ပြည်သူများအတွက် "အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများ" ကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ရည်မှန်းထားသည်။

ဗီဒီယိုများ