ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်(၁၁)ဦး ရခိုင်သို့ပြန်ဝင်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ယခုနှစ် သြဂုတ်လနှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတို့တွင် လက်ခံရန် နှစ်နိုင်ငံသဘောတူညီခဲ့သော်လည်း တစ်ဦးမျှ ဝင်ရောက်လာခြင်းမရှိပေ။ ယခုအခါ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာသူ (၄၄၈)ဦးရှိပြီဖြစ်သည်။

By ချလူးအောင် 13 Dec 2019

ချလူးအောင် | DMG
ဒီဇင်ဘာ ၁၃၊ မောင်တော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်(၁၁)ဦး ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်လာကြောင်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှ သိရသည်။

ပြန်လည်ဝင်ရောက်လာသူများမှာ မောင်တောမြို့နယ်တောင်ပိုင်း ငါးခူရကျေးရွာတွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။

“တောင်ပြိုလက်ဝဲက မနေ့က ၁၁ ဦးထပ်ဝင်ရောက်လာတယ်။ သူတို့ကို UEHRD အစီအစဉ်နဲ့ တောင်ပြို ပြန်လည်လက်ခံရေးစခန်းမှာပဲ လက်ခံခဲ့ပါတယ်” ဟု အဆိုပါစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ယခုနှစ် သြဂုတ်လနှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတို့တွင် လက်ခံရန် နှစ်နိုင်ငံသဘောတူညီခဲ့သော်လည်း တစ်ဦးမျှ ဝင်ရောက်လာခြင်းမရှိပေ။ ယခုအခါ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာသူ (၄၄၈)ဦးရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာမှာ မွတ်ဆလင် စုစုပေါင်း (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ပြောဆိုထားသည်။

ဗီဒီယိုများ