စစ်တွေအဝေးပြေးကားဂိတ်သစ် လာမည့် ၂၀၂၀ မှာပြီးစီးမည်ဟု ခန့်မှန်းထား

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ဓညဂုဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္မဏီက စစ်တွေမြို့၊ ကျေးတောရွာအနီးတွင် တည်ဆောက်နေသော အဝေးပြေးကားဂိတ်သစ်မှာ လာမည့် ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း တာဝန်ရှိသူများက ပြောသည်။

By ခင်သရဖီဦး 13 Aug 2019

သြဂုတ် ၁၂၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ဓညဂုဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္မဏီက စစ်တွေမြို့၊ ကျေးတောရွာအနီးတွင် တည်ဆောက်နေသော အဝေးပြေးကားဂိတ်သစ်မှာ  လာမည့် ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိအသုံးပြုနေသော စစ်တွေကားဂိတ်မှာ မြေဧက ၈ ဧကခန့်နီးပါးသာရှိပြီး ကားများ ဝင်ထွက်သွားလာရမှု အဆင်မပြေ၍ မြေ ၄၂ ဧကကျော်မှာ ကားဂိတ်အသစ်ကို ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဓညဂုဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ မန်နေဂျာ ဦးသာစိန်ထွန်းက ပြောသည်။

လက်ရှိတည်ဆောက်နေသည့် အဝေးပြေးကားဂိတ်တွင် ကားဂိတ်အပြင် ဟိုတည်၊ ရဲစခန်း၊ ဘဏ်စသည့် အဆောက်ဦများကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။ 

“အဲဒီအထဲမှာ ဘာတွေပါလာမလဲဆိုတော့ ဘဏ်ကလည်း ၃ ဘဏ် ပါမယ်။ ဟိုတယ်ပါမယ်။ တည်းခိုရိပ်သာလည်းပါမယ်။ စားသောက်ဆိုင်တွေပါမယ်။ နောက်ပြီးတော့ မီးသတ်တွေ ပါမှာပေါ့။ မီးသတ်ရုံးတွေ ရှိမယ်။ နောက်ပြီးတော့ ရဲတွေ၊ရဲစခန်းတွေရှိမယ်။ ဝန်ထမ်းတွေ နေဖို့အတွက် ဝန်ထမ်းအဆောက်အအုံတွေ ဆောက်မယ်။ ဆောက်ပြီးတော့ တဖက်ကလည်း ရေအခက်ခဲမရှိရအောင်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ရေရရှိရေးအတွက်ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ ရေကန်တွေထည့်ထားမယ်။ မကောင်းတဲ့ေ တွေကို ရေပုပ်စုပ်တဲ့နေရာထားမယ်။ နောက်ပြီးတော့ ထရန်စဖော်မာတွေ ထည့်မယ်။ ပြည်သူတွေ အခက်ခဲမရှိအောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟုဆိုသည်။

စစ်တွေမြို့ ကျေးတောရွာအနီး အဝေးပြေးကားဂိတ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်နေခြင်းဖြစ်သည်။

 

ဗီဒီယိုများ