ကိုဗစ်ကာလအတွင်း စားဝတ်နေရေးခက်ခဲနေသည့် စစ်တွေမြို့မှ အိမ်ထောင်စု ၂၀၀ အတွက် ပရဟိတလူငယ်များအသင်း(ရခိုင်)(Charity Youths Organization)မှ ကူညီထောက်ပံ့

လက်ရှိ Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများအနေဖြင့် စားဝတ်နေရေးအဆင်မပြေမှုများရှိနေခြင်းကြောင့် သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည် စစ်တွေမြို့မှ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၂၀၀ အတွက်ကူညီထောက်ပံ့မှုများလုပ်ဆောင်ခဲ့ကြောင်း အမှုဆောင်ဒါရိုက်တာ ကိုထူးထူးက DMG သို့ပြောသည်။

08 Aug 2021

DMG ၊ သြဂုတ် ၈

ယနေ့ထောက်ပံ့မှုတွင် ဆန်၊ ဆီ၊ကြက်ဥ စသည်တို့ကိုထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး မိမိတို့အသင်းရန်ပုံငွေနှင့် အလှုရှင်များမှရှိသည့် အလှူငွေတို့ဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗီဒီယိုများ