ကျောက်ဖြူမြို့ သာယာလှပရေး ဌာနဆိုင်ရာများ ပူပေါင်းပါဝင်မှု အားနည်း

“အားလုံးပူးပေါင်းပါဝင်ပြီးတော့လုပ်ရင် ဒီလိုနှစ်စဉ်ရေမြုပ်နေတာကတော့ ကင်းလွတ်နိုင်မှာမဟုတ်ဘူး ။ အဓိကတော့ လို့ပြောချင်တယ် ။ ထွေအုပ်က ညွှန်ကြားပေးရမှာ ဖြစ်ပါတယ်။ ထွေအုပ်ကဒါကို မားမားမက်မက် သူ့အလုပ်တွေလို သူအုပ်ချုပ်တဲ့အတွက် တစ်မြို့နယ်လုံးကိုသူ့မှာတာဝန်ရှိတယ်။ သူကပြောရမယ်။ ဒါတွေကို မမြင်ယောင်ဆောင်ပြီး လုပ်နေတာကို တို့ကထောက်ပြတာဖြစ်တယ်”

07 Aug 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG

သြဂုတ် ၆၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရန် အတွက် လုပ်ဆောင်ရာမှာ သက်ဆိုင်ရာဌာနများ အနေဖြင့် ပူးပေါင်း ပါဝင်မှုအားနည်းကြောင်း ကျောက်ဖြူမြို့ နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောပါသည်။

ကျောက်ဖြူမြို့တွင် ရေမြောင်းများပိတ်ဆို့ပြီး ခြံစည်းရိုးကာရံတာမှုများ၊ အဆောက်ဦးများဆောက်လုပ်ခြင်းများ ကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရပ်ကွက်အတွင်း ရေးကြီးရေလျံမှုများ ကြုံတွေ့နေရကာ ဌာနဆိုင်ရာများအနေဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးကျော်သန်းကပြောသည်။

“အားလုံးပူးပေါင်းပါဝင်ပြီးတော့လုပ်ရင် ဒီလိုနှစ်စဉ်ရေမြုပ်နေတာကတော့ ကင်းလွတ်နိုင်မှာမဟုတ်ဘူး ။ အဓိကတော့ လို့ပြောချင်တယ် ။ ထွေအုပ်က ညွှန်ကြားပေးရမှာ ဖြစ်ပါတယ်။ ထွေအုပ်ကဒါကို မားမားမက်မက် သူ့အလုပ်တွေလို သူအုပ်ချုပ်တဲ့အတွက် တစ်မြို့နယ်လုံးကိုသူ့မှာတာဝန်ရှိတယ်။ သူကပြောရမယ်။ ဒါတွေကို မမြင်ယောင်ဆောင်ပြီး လုပ်နေတာကို တို့ကထောက်ပြတာဖြစ်တယ်” ဟုပြောသည်။

ဌာနဆိုင်ရာများအနေဖြင့် မြို့သန့်ရှင်းသာယာလှရေးအတွက်  အတတ်နိုင်ငဆုံးလုပ်ောဆင်နေပြီး မြို့တော်သန့်ရှင်းရေးကိစ္စမှာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ ရသည့်ကိစ္စ မဟုတ်သဖြင့် အားလုံးပူးပေါင်းပါဝင်မှသာ မြို့သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်ကပြောသည်။

ကျောက်ဖြူမြို့သည် မိုးရာသီတွင် ရပ်ကွက်တစ်ချို့ မကြာခဏ ရေကြီးရေလျံမှုဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

 

ဗီဒီယိုများ