ရသေ့တောင်မြို့နယ် ချွတ်ပြင်နှင့် မောင်နုကျေးရွာဖြစ်စဉ်များကို စစ်ဆေးရန် အထူးခုံရုံးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ချွတ်ပြင်ကျေးရွာ၊ မောင်နုကျေးရွာ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ပေါ်ပေါက်လာနိုင်ရန် အထူးခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇူလိုင်လ ၂ ရက်နေ့က ဖွဲ့စည်း လိုက်သည်။

By ဝင်းညွန့် 08 Jul 2020

ဝင်းညွန့် | DMG
ဇူလိုင် ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာ၊ မောင်နုကျေးရွာ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ပေါ်ပေါက်လာနိုင်ရန် အထူးခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇူလိုင်လ ၂ ရက်နေ့က ဖွဲ့စည်း လိုက်သည်။

အဆိုပါကျေးရွာ ဖြစ်စဉ်များနှင့်ပတ်သက်၍ ထိုသို့ဖွဲ့စည်းလိုက်ခြင်းကို ဇူလိုင် ၆ ရက်နေ့တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းအဖွဲ့၌ ဗိုလ်ချုပ်မြတ်ကျော်(ဥက္ကဋ္ဌ)အဖြစ် ဦးဆောင်ကာ ဗိုလ်မှူးကြီးသန်းလှိုင်နှင့် ဗိုလ်မှူးကြီးသန်းနိုင်တို့မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

ဘူးသီးတောင်-မောင်တောဒေသ၌ ၂၀၁၇ ခုနှစ်အတွင်းက ARSA အကြမ်းဖက်သမားတို့၏ အကြမ်းဖက် တိုက်ခိုတ်မှုများနှင့် ဆက်စပ်ခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံးရုံး(Court of Inquiry)ဖြင့် စစ်ဆေးဆောက်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်ကသတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA အဖွဲ့က ရခိုင်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၃၀ နှင့် တပ်မတော် တပ်ရင်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် ချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာတို့ ပါဝင်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်အရာရှိကြီး တစ်ဦးအပါအဝင် သုံးဦးအား စုံစမ်းစစ်ဆေးရေးခုံရုံးက ပြစ်ဒဏ်ချမှတ်ထားခြင်းကို သက်ဆိုင်ရာအာဏာပိုင်များက အတည်ပြုခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြည်တွင်းပြည်ပက ဝေဖန်ခဲ့ကြသည်။

အလားတူ မောင်တောမြို့နယ် အင်းဒင်ကျေးရွာဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်ခဲ့သော တပ်မတော်သားများအား ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ပြစ်ဒဏ်ရက်မပြည့်မီ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်ကိုလည်း နိုင်ငံတကာက ဝေဖန်ခဲ့ကြသည်။

ဗီဒီယိုများ