ကိုရိုနာဗိုင်းရပ်စ်ကြောင့် စစ်တွေ-ရန်ကုန် ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါမှု နည်းပါး

လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ၌ ခရီးသည်လိုက်ပါမှုမှာ ပုံမှန်ထက် အဆပေါင်းများစွာ လျော့နည်းသွားသည်ဟု ယာဉ်လိုင်းတချို့မှ သိရသည်။

04 Apr 2020



ခင်သရဖီဦး | DMG
ဧပြီ ၄ ၊ စစ်တွေ

လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ၌ ခရီးသည်လိုက်ပါမှုမှာ ပုံမှန်ထက် အဆပေါင်းများစွာ လျော့နည်းသွားသည်ဟု ယာဉ်လိုင်းတချို့မှ သိရသည်။

မြန်မာနိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်လူနာရှိနေပြီဟု မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ပြီးနောက် ရခိုင် ပြည်နယ်မှ ရန်ကုန်သွားမည့်ခရီးသည်များ လျော့ကျလာခြင်းဟုဆိုသည်။ သို့သော် လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ပြန်လာသူ များပြားနေသောကြောင့် ဧပြီလ ၁၀ ရက်ခန့်အထိ ယာဉ်လိုင်းများ ပြေးဆွဲနေဦးမည်ဟု ယာဉ်လိုင်းတာဝန်ရှိသူတချို့က ဆိုကြသည်။

“တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်ကြောင့်ပဲ ခရီးသည်တွေ ကြောက်တာပေါ့နော်။ လူစုလူဝေး မသွားရဲတာကြောင့် အရင်တုန်းကတော့ ရခိုင်လမ်းကြောင်းမှာ စစ်ပွဲတွေဖြစ်ပွားနေတာရှိတယ်။ ဒါပေမဲ့ လူကပြတ်သွား တာ သိမ်းမရှိဘူး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပေါ်ကတည်းက လူက လုံးဝပြတ်သွားတယ်”ဟု တိုးရတနာကားဂိတ်မှ စာရေး ကိုမြင့်ထွန်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်သို့သွားမည့် ခရီးသည်နည်းသောကြောင့် ခရီးသည်အရေအတွက် တိုးလာအောင် ငါးရက် ခန့်စောင့်ဆိုင်းပြီး ပြေးဆွဲနေရသည်ဟု ရွှေပြည်သစ်ကားဂိတ်မှူးက ပြောသည်။

“အခုက ဒီမှာကိုက ငါးရက်လောက်နေနေရတယ်။ ခရီးသည်တွေ စောင့်နေရတယ်။ ခရီးသည်တွေ ပါးတဲ့ အနေအထားမှာ ကားတစ်စီးစာရဖို့အတွက်ကို စောင့်နေရတယ်။ အဲဒီအချိန်မှာ ကားစရိတ်တွေကော၊ ထမင်း စရိတ်တွေကော အကုန်အကျများတာတွေရှိတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၀)ဦးအထိရှိလာသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ